Tuesday, January 27, 2026

“စစ်အာဏာသိမ်းမှုကို တရုတ်မှ မကူညီရန်” မြန်မာ-တရုတ်နယ်စပ်တွင် ဆန္ဒထုတ်ဖော်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်အာဏာသိမ်းမှုကို တရုတ်မှ မကူညီရန် အတွက် မူဆယ် ဒေသခံများ က နယ်စပ်ဂိတ်တွင် သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) မနက်ပိုင်းအချိန်တွင် မူဆယ်မြိုဒေသခံ( ၁၀၀၀) ကျော်သည် “ မြန်မာစစ်တပ် အာဏာသိမ်မှုကို မကူညီရန်” ဆိုင်ဘုတ်များကို ကိုင်ဆောင်ပြီး မြန်မာ-တရုတ်နယ်စပ်ဂိတ်သို့ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

“ ဒီနေ့ ကျနော်တို့ တရုတ် နယ်စပ်တံခါးမှာသွားပြီး ဆန္ဒပြတာပါ။ အဓိကတော့ တပ်မတော်က အာဏာသိမ်းတာကိုတရုတ်မှ ဝင်ရောက်ပြီး မကူညီဖို့ သွားရောက်ဆန္ဒပြခဲ့တာပါ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် မူဆယ် ဒေသခံသျှမ်းလူငယ်တဦးက ပြောသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် တရုတ်နယ်စပ်တွင် တရုတ်စစ်တပ်မှ လာရောက်လုံခြုံးရေးယူထားကြောင်းသိရသည်။

ဆန္ဒလာရောက်ပြသူများသည် တိုင်းရင်းသား ဝတ်စုံများဝတ်ပြီး တရုတ်၊ အင်္ဂလိပ်စာဖြင့်ရေးထားသော တရုတ်မှ “စစ်အာဏာသိမ်းမှုကို မကူညီရန် ” ဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်မှုထမ်းကြေး မထည့်နိုင်သူများကို PNO က ရွာကနေ နှင်ထုတ်မည် ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသအတွင်းနေထိုင်သူများသည် ပအိုဝ်းပြည်သူ့စစ် (PNO)ထံ စစ်မှုထမ်းကြေး မထည့်လျှင် ကျေးရွာမှ နှင်ထုတ်မည် ဟု ဒေသခံများကို ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် သျှမ်းပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ပေါ်တာဆွဲခြင်း၊ အလှည့်ကျ...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

0
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ “တို့ဆေး”

0
“တို့ဆေး”ရဲ့ အစွမ်းကြောင့် ပါလာတဲ့ပစ္စည်းတွေ လုယက်ခံရ၊ ငွေလိမ်လည်ခံရတဲ့ သတင်းတွေဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဟိုတစ်စ ဒီတစ်စနဲ့ ကြားလာရပါတယ်။ အဆိုးရွားဆုံးကတော့ “တို့ဆေး”ကြောင့် အမျိုးသမီးငယ်တစ်ယောက် ဖြားယောင်းခေါ်ဆောင်ခံရပြီး ပြန်လွတ်လာတဲ့ သတင်းကလည်း ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ တစ်ချိန်တစ်ခါက အေးချမ်းပြီး စိတ်လုံခြုံမှု အရှိဆုံးဆိုတဲ့ သျှမ်းပြည်မြို့တော် တောင်ကြီးမြို့မှာ...

ပဋိပက္ခကြား မူးယစ်ဆေး သုံးစွဲမှု ပိုကြီးထွားနေ

0
“WY ဆေးနှစ်ပြားလောက် သုံးထားရင် အရမ်းကို နေလို့ကောင်းသွားတယ်၊ မပင်ပန်းဘူး” လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တစ်ဦးဖြစ်တဲ့ ကိုမောင်ငယ်က ပြောနေပါတယ်။ ကိုမောင်ငယ်က စိုက်ပျိုးရေးလုပ်ကိုင်သူ ဖြစ်တဲ့အလျောက် ပေါက်ပြားတစ်လက်နဲ့ ခြံဆွရတယ်။ တောတွေ ရှင်းရတယ်၊ ထင်းခုတ်ရတယ်။ ဒီအလုပ်က သူ့ရဲ့နိစ္စဓူဝ လုပ်ရတော့ ပင်ပန်းမှုတွေ ဖြစ်လာတဲ့အတွက် တစ်ရက် “၁၀၀၀”ကျပ်...