ကျောက်မဲမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားရာတောပိုင်းသို့ အစိုးရတပ်ပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားနေထိုင်ရာတောပိုင်းက်သို့ အစိုးရတပ်မတော်မှ စစ်ကြောင်း ၂ ကြောင်းထိုးကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် အင်အားဖြင့် ပစ်ခတ် ခဲ့ကြောင်းသိရသည်။

Photo ကျောက်မဲဒေသခံတဦး- ရွာအနီးကျသော အစိုးရတပ်မတော်ပစ်ခတ်သည့်ကျည်ဆံ

 စက်တင်ဘာလလ ၃၀ ရက်နေ့ နံနက်ပိုင်းက အစိုးရတပ်မတော်စစ်ကြောင်းတစ်ကြောင်းကကျောက်မဲမြို့ ကျွဲကုန်းမှ နောင်ပိန်အွန်၊ ထိုမှတဆင့် နားပိန်း-နားပုံသို့လည်းကောင်း၊ ကျန်စစ်ကြောင်းတစ်ကြောင်းကလည်း ကောင်းဟုန်းမှ နားပုံ-နားပိန်းဘက်သို့လည်းကောင်း တက်လာကြပြီး RCSS/SSA လှုပ်ရှားရာ ကျောက်မဲမြို့ အရှေ့မြောက်ဘက် ၅ မိုင် ၆ မိုင်အကွာရှိ တောပိုင်းသို့လက်နက်ကြီးငယ်ပစ်ခတ်ခဲ့ကြကြောင်း နောင်ပိန်-ဂုတ်တွင်း ဒေသခံများကပြောသည်။

နောင်ပိန်ဒေသခံတဉီးက – “ဒီနေ့မနက် ၇ နာရီလောက်က အစိုးရစစ်ကြောင်းတစ်ကြောင်းကျွဲကုန်းဘက်ကတက်လာတယ်။ နောက်တကြောင်းက ကောင်းဟုန်းဘက်ကတက်လာတယ်။ နားပုံရွာကထွက်တာနဲ့ လက်နက်ကြီးငယ်နဲ့ အရပ်မျက်နှာအဘက်ဘက်ကို ပစ်ခတ်တယ်။ RCSS/SSA ဘက်ကတော့ ပြန်ပစ်ခတ်တာမကြားမိဘူး”- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

စက်တင်ဘာလ ၂၉ ရက် ယမန်နေ့ကမှသာ တပ်မတော်ဘက်က တဘက်သတ်အပစ်ရပ်ကာလအား နောက်တစ်လထပ်တိုးထားကြောင်း တပ်မတော် သတင်းမှန်နှင့်ပြန်ကြားရေးဌာနက ကြေငြာခဲ့သည်။

 ၄င်းနှင့်ပတ်သက်ပြီး RCSS/SSA ၏စစ်မြေပြင်အတွင်း အရာရှိတဉီးက – “သူတို့ဘက်ကတဘက်တည်းပစ်ခတ်နေတာ။ သစ်ပင် ခြုံပုတ်တွေထဲပစ်ခတ်တာ။ ကျနော်တို့တပ်စခန်းကို တိုက်ရိုက်မပစ်ခတ်လာလို့ ကျနော်တို့လည်းပြန်မပစ်ခတ်ခဲ့ပါဘူး”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

နားပုံ နားပိန်းရွာသားတဉီးကလည်း -” ကျနော်တို့ဒေသမှာRCSS/SSA လှုပ်ရှားလာတာ ဟိုးအရင်ကတည်းကဘဲ။ ခုချိန်ထိတော့ ထွက်ပြေးရမလားမထွက်ပြေးရမလား မသိသေးဘူး။ စောင့်ကြည့်နေသေးတယ်အခြေအနေ “- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

 အစိုးရတပ်မတော်သည် ယခု ၂၀၂၀ ခုနှစ်အတွင်း တဘက်သတ်အပစ်ရပ် ၃ ကြိမ် (မေလ ၁၀ ရက်မှ သြဂုတ်လကုန်၊ ထိုမှတဆင့် စက်တင်ဘာလကုန်အထိ၊ ယခုတကြိမ်တွင်မူ အောက်တိုဘာလကုန်အထိ) ကြေငြာခဲ့သည်။

ကျောက်မဲမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်း၀င်းက -“အစိုးရစစ်ကြောင်း အားဖြည့်လှုပ်ရှားလာတဲ့အကြောင်းရင်းကတော့ ကြည့်မယ်ဆိုရင် ၃ ချက်ရှိပါတယ်။ ၁- အထက်ညွှန်ကြားချက်အရ လာတာ။ ၂- အချက်ကတော့ ဇွန်လ လူထုကိုပစ်သတ်တဲ့ကိစ္စကိုပြန်လာစစ်တာ။ ၃- က ရွေးကောက်ပွဲအတွက်လာတာ ဖြစ်နိုင်ပါတယ်” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

 ယခုနှစ်ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ ၁ လအတွင်း အစိုးရတပ်မေတာ် ခလရ ၂၂၊ ၂၃၊ ၁၀၁၊ ၁၄၇၊ ၂၅၆ ၊ ၁၃၆ နှင့် ခမရ ၅၀၃ တို့ပူးပေါင်းတပ်များက ကျောက်မဲမြို့နယ်အတွင်းလှုပ်ရှားနေသော  RCSS/SSA တပ်များနောက်လိုက်လံကာ ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်းဖြစ်ပွါးခဲ့သည်။ တိုက်ပွဲများမှာ ဟိုင်းကွီ၊ လွယ်စောင်၊ ပန်လော့အုပ်စုအတွင်းဖြစ်ပွါးခဲ့ပြီး လူထု ၁ ဉီးကျည်ဆံထိမှန်သေဆုံး၊ ၁ ဉီးထိမှန်ဒဏ်ရာရကာ ၁ ဉီးမှာ ဖမ်းဆီးရိုက်နှက်ခံရသည်။ ရွာသားများ ထိမှန်ဒဏ်ရာရ သေဆုံးမှုအပေါ်တရားမျှတမှုရရှိရေးအတွက်ကျောက်မဲလူထု ၁ သောင်းနီးပါးက အေးချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ဖော်ကာတောင်းဆိုခဲ့ကြသော်လည်းယနေ့တိုင် တရားမျှတမှုမရှိသေးကြောင်းကျောက်မဲဒေသခံများကပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...