Tuesday, January 27, 2026

ကျောက်မဲမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားရာတောပိုင်းသို့ အစိုးရတပ်ပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားနေထိုင်ရာတောပိုင်းက်သို့ အစိုးရတပ်မတော်မှ စစ်ကြောင်း ၂ ကြောင်းထိုးကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် အင်အားဖြင့် ပစ်ခတ် ခဲ့ကြောင်းသိရသည်။

Photo ကျောက်မဲဒေသခံတဦး- ရွာအနီးကျသော အစိုးရတပ်မတော်ပစ်ခတ်သည့်ကျည်ဆံ

 စက်တင်ဘာလလ ၃၀ ရက်နေ့ နံနက်ပိုင်းက အစိုးရတပ်မတော်စစ်ကြောင်းတစ်ကြောင်းကကျောက်မဲမြို့ ကျွဲကုန်းမှ နောင်ပိန်အွန်၊ ထိုမှတဆင့် နားပိန်း-နားပုံသို့လည်းကောင်း၊ ကျန်စစ်ကြောင်းတစ်ကြောင်းကလည်း ကောင်းဟုန်းမှ နားပုံ-နားပိန်းဘက်သို့လည်းကောင်း တက်လာကြပြီး RCSS/SSA လှုပ်ရှားရာ ကျောက်မဲမြို့ အရှေ့မြောက်ဘက် ၅ မိုင် ၆ မိုင်အကွာရှိ တောပိုင်းသို့လက်နက်ကြီးငယ်ပစ်ခတ်ခဲ့ကြကြောင်း နောင်ပိန်-ဂုတ်တွင်း ဒေသခံများကပြောသည်။

နောင်ပိန်ဒေသခံတဉီးက – “ဒီနေ့မနက် ၇ နာရီလောက်က အစိုးရစစ်ကြောင်းတစ်ကြောင်းကျွဲကုန်းဘက်ကတက်လာတယ်။ နောက်တကြောင်းက ကောင်းဟုန်းဘက်ကတက်လာတယ်။ နားပုံရွာကထွက်တာနဲ့ လက်နက်ကြီးငယ်နဲ့ အရပ်မျက်နှာအဘက်ဘက်ကို ပစ်ခတ်တယ်။ RCSS/SSA ဘက်ကတော့ ပြန်ပစ်ခတ်တာမကြားမိဘူး”- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

စက်တင်ဘာလ ၂၉ ရက် ယမန်နေ့ကမှသာ တပ်မတော်ဘက်က တဘက်သတ်အပစ်ရပ်ကာလအား နောက်တစ်လထပ်တိုးထားကြောင်း တပ်မတော် သတင်းမှန်နှင့်ပြန်ကြားရေးဌာနက ကြေငြာခဲ့သည်။

 ၄င်းနှင့်ပတ်သက်ပြီး RCSS/SSA ၏စစ်မြေပြင်အတွင်း အရာရှိတဉီးက – “သူတို့ဘက်ကတဘက်တည်းပစ်ခတ်နေတာ။ သစ်ပင် ခြုံပုတ်တွေထဲပစ်ခတ်တာ။ ကျနော်တို့တပ်စခန်းကို တိုက်ရိုက်မပစ်ခတ်လာလို့ ကျနော်တို့လည်းပြန်မပစ်ခတ်ခဲ့ပါဘူး”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

နားပုံ နားပိန်းရွာသားတဉီးကလည်း -” ကျနော်တို့ဒေသမှာRCSS/SSA လှုပ်ရှားလာတာ ဟိုးအရင်ကတည်းကဘဲ။ ခုချိန်ထိတော့ ထွက်ပြေးရမလားမထွက်ပြေးရမလား မသိသေးဘူး။ စောင့်ကြည့်နေသေးတယ်အခြေအနေ “- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

 အစိုးရတပ်မတော်သည် ယခု ၂၀၂၀ ခုနှစ်အတွင်း တဘက်သတ်အပစ်ရပ် ၃ ကြိမ် (မေလ ၁၀ ရက်မှ သြဂုတ်လကုန်၊ ထိုမှတဆင့် စက်တင်ဘာလကုန်အထိ၊ ယခုတကြိမ်တွင်မူ အောက်တိုဘာလကုန်အထိ) ကြေငြာခဲ့သည်။

ကျောက်မဲမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်း၀င်းက -“အစိုးရစစ်ကြောင်း အားဖြည့်လှုပ်ရှားလာတဲ့အကြောင်းရင်းကတော့ ကြည့်မယ်ဆိုရင် ၃ ချက်ရှိပါတယ်။ ၁- အထက်ညွှန်ကြားချက်အရ လာတာ။ ၂- အချက်ကတော့ ဇွန်လ လူထုကိုပစ်သတ်တဲ့ကိစ္စကိုပြန်လာစစ်တာ။ ၃- က ရွေးကောက်ပွဲအတွက်လာတာ ဖြစ်နိုင်ပါတယ်” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

 ယခုနှစ်ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ ၁ လအတွင်း အစိုးရတပ်မေတာ် ခလရ ၂၂၊ ၂၃၊ ၁၀၁၊ ၁၄၇၊ ၂၅၆ ၊ ၁၃၆ နှင့် ခမရ ၅၀၃ တို့ပူးပေါင်းတပ်များက ကျောက်မဲမြို့နယ်အတွင်းလှုပ်ရှားနေသော  RCSS/SSA တပ်များနောက်လိုက်လံကာ ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်းဖြစ်ပွါးခဲ့သည်။ တိုက်ပွဲများမှာ ဟိုင်းကွီ၊ လွယ်စောင်၊ ပန်လော့အုပ်စုအတွင်းဖြစ်ပွါးခဲ့ပြီး လူထု ၁ ဉီးကျည်ဆံထိမှန်သေဆုံး၊ ၁ ဉီးထိမှန်ဒဏ်ရာရကာ ၁ ဉီးမှာ ဖမ်းဆီးရိုက်နှက်ခံရသည်။ ရွာသားများ ထိမှန်ဒဏ်ရာရ သေဆုံးမှုအပေါ်တရားမျှတမှုရရှိရေးအတွက်ကျောက်မဲလူထု ၁ သောင်းနီးပါးက အေးချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ဖော်ကာတောင်းဆိုခဲ့ကြသော်လည်းယနေ့တိုင် တရားမျှတမှုမရှိသေးကြောင်းကျောက်မဲဒေသခံများကပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...