သျှမ်းတပ် ၂ တပ် နယ်ကျော်ခွင့်မပြုဟု ကာချုပ် ပြော

သျှမ်းပြည်တပ်မတော် ၂ တပ်ကို သတ်မှတ်ထားသည့်နယ်မြေ သာခွင့်ပြုပြီး၊ နယ်မြေကျော်ခွင့်မပြုကြောင်း ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် က ပြောဆိုလိုက်သည်။

ကာကွယ်ရေး ဦးစီးချုပ်သည် စက်တင်ဘာ (၈) ရက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ အတွင်းသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး၏ သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

စက်တင်ဘာ (၈) ရက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တွင် အစည်းအဝေးပြုလုပ်နေစဉ်( ဓာတ်ပုံ – တပ်မတော် သတင်းမှန် ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာ)

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ကြပ်မတ်စွာ ကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ၊သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ကို လွယ်တိုင်းလျန်း ဒေသနှင့် မိုင်းပန် တောင်ခြမ်း ဒေသ၊ သျှမ်းပြည် တိုးတက်ရေး ကောင်စီ ၊သျှမ်းပြည် တပ်မတော်( SSPP/SSA) ကို ဝမ်ဟိုင်းဒေသတွင် သာ ခွင့်ပြုထားပြီး၊ ကျန်နယ်မြေများတွင် ခွင့်ပြုပေးထားခြင်းမရှိကြောင်း၊ နယ်မြေ ကျော်လွန်လှုပ်ရှားမှု ခွင့်ပြု၍ မရကြောင်း ကာကွယ်ရေး ဦးစီးချုပ် က ပြောဆိုသည်ဟု ဖော်ပြထားသည်။

သို့သော် သျှမ်းတပ်မတော် ၂ တပ် အနေဖြင့် ပြည်နယ် အဆင့် သဘောတူညီ စာချုပ် လက်မှတ်ရေးထိုးရာတွင် နယ်မြေ ကန့်ကွက်မှု မပါရှိကြောင်း၊ နယ်မြေ ပိုင်းခြားမှု မရှိထားသေးကြောင်းလည်း ပြောဆိုလိုက်သည်။

ထို့ကြောင့် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းသန်းအောင် က“ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပြည်နယ် အဆင့်လုပ်နေတာကို သူမေ့သွား တယ်ထင်တယ်။ ကျနော်တို့ ဒီနေရာနေရမယ် ။ဟိုနေရာနေရာမယ်ဆိုပြီး ကျနော်တို့လက်မှတ်ရေးထိုးထားတာ မရှိပါဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

SSPP/SSA အနေဖြင့် ပြည်နယ် အဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်တွင် ဝမ်ဟိုင်းဌာနချုပ် ကို အခြေပြု ပြီး လက်တလောရောက်ရှိနေသည့် တပ်ဖြန့်ခွဲထားသည့်နေရာကို ယာယီရပ်ဆိုင်းထားရန်သာ ပါရှိကြောင်း၊ ဝမ်ဟိုင်းဌာနချုပ်ကိုသာ ခွင့်ပြုထားသည်ဟူသည့်အချက် မပါရှိကြောင်း ဗိုလ်မှူး စိုင်းသန်းအောင် က ဆိုသည်။

ထိုနည်းတူ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီ စာချုပ် (NCA ) လက်မှတ်ရေးထိုးထားသည့် RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က “ ကျနော်တို့မှာလည်း နယ်မြေကန့်သတ်မှုမရှိ။ NCA ထိုးတဲ့နေရာမှာလည်း နယ်မြေ ကန့်သတ်မှု နယ်မြေပိုင်းခြားရေး လည်း မရှိသေးဘူး။ သဘောတူညီမှုစာ ချုပ်မှာလည်း မပါသေးဘူး။ ဆွေးနွေးဖို့ပဲရှိသေးတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

RCSS/SSA အနေဖြင့်လည်း NCA လက်မှတ်မရေးထိုးခင်ကတည်း က သျှမ်းပြည် တဝှမ်း တွင် လှုပ်ရှားသည့်နယ်မြေများရှိကြောင်း၊ ထိုနယ်မြေ အတွင်း တွင် မူယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆာင်သွားမည် ဟု ဗိုလ်မှူး ခမ်းစံ က ပြောသည်။

မူးယစ်ဆေးဝါးသည် သျှမ်းပြည် တပြည်လုံး နှင့် ဆိုင်သည့် ကိစ္စ၊ သျှမ်းပြည် တရပ်လုံး နစ်နာသည့် ကိစ္စဖြစ်သည့်အတွက် RCSS/SSA အနေဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဟု ဗိုလ်မှူး ခမ်းစံ ကဆိုသည်။

ဆက်လက်ပြီး SSPP/SSA မှ ဗိုလ်မှူး စိုင်းသန်းအောင် က “ မူးယစ်ဆေးဝါးက တနိုင်ငံလုံး အန္တရာယ်ဖြစ်နေတယ်။ ဟိုနေရာ မလုပ်ရဘူး။ ဒီနေရာ မလုပ်ရဘူး။ ဆိုတာ အဟန့်အတားတွေ ပါ” ဟု ထပ်လောင်း ပြောသည်။

ထို့ပြင်တပ်မတော် ကာကွယ်ရေး ဦးစီချုပ် က “ တပ်မတော် အတွင်းရှိ တပ်တိုင်း ရဲဘော်တိုင်း တိုက်ပွဲဝင် ဖို့အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်ရေးကို ထိရောက်စွာ ဆောင်ရွက်ကြ ရန်လိုကြောင်း” ပြောဆိုထားသည်။

စစ်မြေပြင် အတွင်း တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှု မပြည့်ဝပါက တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်မည် မဟုတ်၍ တဦးချင်းလေ့ကျင့်မှု၊ အစုအဖွဲ့လိုက် မှန်မှန်ကန်ကန် လေ့ကျင့်မှုများကို လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ အဟာရ ပြည့်ဝစွာ နေထိုင်စားသောက်နိုင်ရေး အတွက်လည်း ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် မှ တပ်သားများကို မှားကြားခဲ့ကြောင်း သိရသည်။

ယခုရက်တပတ်အတွင်း ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်သည် သျှမ်းပြည် အရှေ့ပိုင်း ရွှေတြိဂံ ဒေသ နှင့် သျှမ်းတောင် ကို သွားရောက်ကာ (NDAA ) မိုင်းလား အဖွဲ့ နှင့် UWSA “ဝ” တပ်ဖွဲ တို့ကို တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုနည်းတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် သျှမ်းတောင် နမ့်စန်မြို့နယ် ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ကို တွေ့ဆုံပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ကို ထိရောက်စွာ ဆောင်ရွက်နိုင်သည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...