Tuesday, January 27, 2026

လင်းခေးမြို့နယ် တွင် နေအိမ် (၂) လုံး မီးလောင်

စိုင်းဆိုင်လှိုင်း

သျှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့ ဝမ်းဟတ်ကျေးရွာအုပ်စု မအွန်းလောင်းကျေးရွာရှိ နေအိမ် ၂လုံး မီးလောင်မှုဖြစ်ပွားကြောင်း စုံစမ်းသိရှိရသည်။

Photo by Noon Noon Lko /Facebook
https://www.facebook.com/photo?fbid=3507232832673798&set=pcb.4284973011575172

အဆိုပါ မီးလောင် မှုသည် မနေ့ (စက်တင်ဘာ ၁)ရက် ညနေပိုင်း ၄နာရီ ၅၀ မိနစ် အချိန်တွင် ဖြစ်ပွားခဲ့သည် ဟုသိရသည်။

“မီးစလောင်တာက ၄နာရီ ၅၀မိနစ် စခဲ့တာ ၆နာရီမထိုးခင်တော့ ပြန်ငြိမ်း သွားတယ်။ ရွာသူ၊သားတွေနဲ့ မီးသတ်ဖွဲ့တွေက လာကူငြိမ်းပေးပါ တယ်” ဟု မီးလောင်သည့် အိမ်ကို ဝိုင်းကူပေးသည့် စိုင်းအွန် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

Photo by Noon Noon Lko
https://www.facebook.com/photo/?fbid=3507089869354761&set=pcb.4284973011575172

ဝါယာရှော့ကြောင့် မီးလောင်ခြင်းဖြစ်ကြောင်း လည်း စိုင်းအွန် က ပြောသည်။

“အိမ်ပေါ်ကနေစပြီးလောင်းလာတာ။ တိကျတော့ ပြောလို့မရဘူး။ လူတွေကတော့ ဘေးကင်းကြတယ်။ အိမ်ထဲလူကို အကုန်ကယ်ထုတ်နိုင်ခဲ့ပါတယ်” ဟုစိုင်းအွန် က ဆိုသည်။

https://www.facebook.com/photo?fbid=3507233292673752&set=pcb.4284973011575172

အဆိုပါမီးလောင်မှုကြောင့် ပေ (၃၀) ပတ်လည် သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်းခင်နေအိမ်(၁)လုံးနှင့် (၂၀)ပေပတ်လည် သွပ်မိုး၊ ထရံကာ၊မြေစိုက်အိမ်(၁)လုံးတို့ မီးလောင်းခဲ့ ရကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ပိုင်ရှင်ဖြစ်သူ ဦးလုံးနေ အား လင်းခေးမြို့နယ်၊ဝမ်ဟတ်နယ်မြေရဲစခန်းမှ (ပ)၂/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ အမှုဖွင့် အရေးယူဆောင်ထားကြောင့် မီးသတ်ဦးစီးဌာန မှ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ လေကြောင်းဗုံးကြောင့်မီးလောင်နေ၊ ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခြင်းကြောင့် ဈေးအနီးရှိ ကုန်မာဆိုင်နှင့် နေအိမ်များ မီးလောင်နေပြီး ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့...

နမ့်ခမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယနေ့မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသည်။ TNLA ထိန်းချုပ်ထားသော  နမ့်ခမ်းမြို့နယ်ရှိ ကွန်လုံကျေးရွာတွင် ဧပြီလ ၅ ရက် နံနက် ၁၀ နာရီအချိန်က နေအိမ်မီးလောင်ခြင်းဖြစ်ပြီး လူသူထိခိုက်သေဆုံးမှုတော့မရှိကြောင်း   နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ဒီမနက် ၁၀ နာရီ ဝန်းကျင် ကွန်လုံရွာမှာ...