ရွှေလီကတိုက်ပွဲ အစိုးရတပ်အချင်းချင်းပစ်ခတ်မှုဖြစ်ကြောင်း RCSS/SSA ပြော

ယမန်နေ့ညနေပိုင်းက တရုတ်နယ်စပ်နမ့်ခမ်းမြို့တွင် ဖြစ်ပွါးသော ပစ်ခတ်တိုက်ခိုက်မှုတွင် အစိုးရတပ်မတော်ဘက်ကအချင်းချင်း ပစ်ခတ်မှုသာဖြစ်ကြောင်း RCSS/SSA ဘက်က ထုတ်ပြန်သည်။

RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေးက – “သျှမ်းပြည်မြောက်ပိုင်းကို အင်အားဖြည့်ပြီးတက်လာတဲ့ အစိုးရတပ်အချင်းချင်းက သြဂုတ်လ ၃ ရက်နေ့ညပိုင်းမှာ အရက်မူးပြီး စကားများရန်ဖြစ်ကြတယ်။ ၄ ရက်နေ့ နေ့လည်ပိုင်းကျတော့ သူတို့အချင်းချင်း ပစ်ခတ်ကြတယ်။ အဲ့နေ့ညနေ ပိုင်းကတော့  ဗမာစစ်တပ်တဖက်တည်းသာသေနတ်ပစ်ခတ်တယ်။ တောထဲတောင်ထဲလျှောက်ပစ်တာ။ RCSS/SSA နဲ့ပစ်ခတ်တာမဟုတ်ဘူး” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မူစယ်မြို့နယ် မန့်ဟီးရိုး (မန့်ဟျိုး)မြို့နယ်ခွဲတွင် အစိုးရတပ်မတော် တပ်မ ၈၈ နှင့် ရဲတပ်ဖွဲ့တို့ အပြင်သြဂုတ်လဆန်းပိုင်းက တပ်မ ၇၇ ကအင်အားဖြည့်တင်း၀င်လာခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၄ ရက်နေ့က တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ တပ်ရင်းမှူးနှင့် ရဲမှူးတို့ကေဒသခံလူထု၏ ကားကိုယူဆောင်မောင်းနှင်လာစဉ် အင်အားဖြည့်တင်းလာသော  စစ်တပ်က ပစ်ခတ်သဖြင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိခဲ့သည်။ လူထု၏ကားလည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံ စိုင်းအောင်က ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုအသံကြောင့် ဒေသခံများတရုတ်ဘက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တရုတ်အစိုးရဘက်မှလည်းနယ်စပ်တလျှောက်သို့ လုံခြုံရေးအင်အားဖြည့်တင်းထားကြောင်းဒေသခံများပြောပြချက်အရသိရသည်။

အဆိုပါဒေသတွင် ယခင်ကတည်းက RCSS/SSA ကအခြေစိုက်လှုပ်ရှားနေသည်သာမက  SSPP/SSA လည်း ရောက်ရှိလှုပ်ရှားနေပါသည်။ သို့သော် ၂ ဖွဲ့စလုံးကမူ အစိုးရစစ်တပ် အင်အားဖြည့်တင်းလာသည့် လဆန်းပိုင်းကတည်းက တိုက်ပွဲမဖြစ်ပွါးစေရေး တိမ်းရှောင်ထားနှင့်ပြီးဖြစ်ကြောင်း ကြေငြာထားခဲ့ကြပြီးဖြစ်သည်။

အဆိုပါအစိုးရစစ်တပ်အချင်းချင်းပစ်ခတ်မှုတွင် ဟတ်ဟင်ဒေသခံတဉီး သေနတ်ကျည်ဆံထိမိဒဏ်ရာရရှိခဲ့ပြီးရွာသားတို့၏နေအိမ်နှင့် ကား တော်တော်များများလည်း ကျည်ဆံထိမိပျက်စီးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...