Tuesday, January 27, 2026

သျှမ်းပြည်တွင်း နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၄သောင်းကျော်ရှိ

သျှမ်းပြည်နယ်တွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ သျှမ်းပြည်တွင်း ပြန်လည်ဝင်ရောက်လာသူ ၄ သောင်းကျော် ရှိပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Photo by U Htun Maesai/ ဧပြီ၆ရက်တွင် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ ရှိ တံတား(၂) သို့ ပြန်တော်ပြန်ဝင်လာသည့် ပုံ

ဖေဖော်ဝါရီ မှ စပြီး ဇွန် လ ထိ သျှမ်းပြည်တွင်းရှိ သက်ဆိုင်ရာ နယ်စပ်ဂိတ်မှာ တဆင့် ပြန်လည် ဝင်ရောက်လာသူ စုစုပေါင်း (၄၂၉ ၉ ၅) ဦး ရှိပြီ ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သျှမ်းပြည်နယ်တစ်ခုလုံးမှာ Facility Quarantine (၅၁၇) နေရာ ပြုလုပ်ထားတယ်” ဟု လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို မြန်မာ ရွေ့ပြောင်း အလုပ်သမားများသည် မူဆယ် ရွှေနန်းတော်ဂိတ်၊ လောက်ကိုင် ချင်းရွှေဟော်ဂိတ် ၊ တာချီလိတ် တံတားအမှတ် (၂) နှင့် မြဝတီ နယ်စပ် ဂိတ် တွေမှာ အသီးသီး ပြန်လည် ဝင်ရောက်လာကြသည်။

“ကျနော်တို့မှာတော့ တခြား တိုင်း နဲ့ ပြည်နယ် သူတွေကိုတော့ Facility Quarantine မထားဘူး။
သျှမ်းပြည်ထဲက သူတွေပဲ facility Quarantine ထားတယ်” ဟု ဒေါက်တာ မျိုးထွန်း ကပြောသည်။

မူဆယ်ဂိတ် ၊လောက်ကိုင် ချင်းရွှေဟော်ဂိတ် မှပြန်လည် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစု သည် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း တို့ အများစု ဖြစ်ကြသည်။

“တခြားတိုင်း နဲ့ ပြည်နယ် က သူတွေ ဆိုရင်တော့ သက်ဆိုင်ရာ သျှမ်းမြောက်ဆိုရင် ကား နဲ့ လားရှိုးကို ပို့တယ်။ လားရှိုးကနေ တဆင့် ရထားနဲ့ သက်ဆိုင်ရာ တိုင်း နဲ့ ပြည်နယ် ကို ပြန်ပို့ပေးတယ်” ဟု ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်တွင်း ပြန်လည် ဝင်ရောက်လာသူ (၄၀၀၀၀) ကျော် သည် Quarantine ပြည့်ပြီး ပြန်သွားသူ ( ၃၀၀၀၀) ကျော် ရှိပြီး လက်ရှိချိန်ထိ Home Quarantine (၅၀၀၀) ကျော် နှင့် Facility Quarantine ( ၁၀၀၀) ကျော် ကျန်ရှိထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ပင်လောင်းမြို့နယ် ဆောင်းပြောင်းစစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်လာနေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၁၇)ရက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တို့ ဆောင်းပြောင်းရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ထိုသို့ နေရပ်စွန့်ခွာ ပြည်သူများသည် ပင်လောင်းမြို့ပေါ်နှင့် တောင်ကြီးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသကဲ့သို့...

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

0
သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ်...

လားရှိုး စစ်ရှောင်နေအိမ်များ ဖောက်ထွင်းခိုးယူပြီး ပြန်လည်ရောင်းချမှုဖြစ်ပွား

0
သျှမ်းပြည် လားရှိုးမြို့တွင်း တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်ရှောင်ပြည်သူများ နေအိမ်သို့ ပြန်မရောက်ခင် နေအိမ်များ ဖောက်ထွင်းခံရပြီး အိမ်တွင်ကျန်ခဲ့သော တန်ဖိုးရှိပစ္စည်းများ၊ ကားများ ခိုးယူခံရကာ အခြားမြို့သို့ ပြန်လည်ရောင်းချနေကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း လားရှိုးမြို့သိမ်း တိုက်ပွဲသည် ဇူလိုင်လ ၂ရက်နေ့တွင် စတင်ခဲ့ရာ သြဂုတ်...

နမ္မတူ စစ်ရှောင်အချို့နေရပ်ပြန် နေထိုင်စားသောက်မှု အဆင်မပြေ

0
သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် ကြူဆော့ စစ်ဘေးရှောင်စခန်းမှ နေရပ်သို့ ပြန်သွားသည့် စစ်ဘေးရှောင် ပြည်သူများသည် နေထိုင်စားသောက်ရေး အတွက် အဆင်မပြေကြောင်း သတင်းသိရသည်။ နမ္မတူမြို့နယ် ကြူဆော့စစ်ဘေးရှောင် စခန်းသို့ စစ်ရှောင်ရောက်သည့် ပြည်သူများအနက် မန်နားကျေးရွာမှ အိမ်ထောင်စု ၁၀ စု၊ မန်မိုင်ကျေးရွာမှ အိမ်ထောင်စု ၁၃...