မူဆယ်မြို့ တွင် မူးယစ်ဆေးနှင့် လက်နက်များ ဆက်တိုက် သိမ်းဆည်းရမိ

သျှမ်းပြည် မြောက်ပိုင်းမူဆယ်မြို့တွင် ကျပ်သိန်းပေါင်းထောင်ချီတန်ဖိုးရှိ မူးယစ်ဆေး၀ါးများ သိမ်းဆည်းရမိကြောင်းသိရသည်။

Photo by cincds – မူဆယ်မြို့အတွင်း ကျပ်သိန်းပေါင်းထောင်ချီတန်ဖိုးရှိမူးယစ်ဆေးများနှင့်သယ်ဆောင်သူများအားဖမ်းဆီးရမိ

မေ ၁၇ ရက် ယမန်နေ့ မနက်ပိုင်းက မူစယ်မြို့ ရထိုက်လမ်းဆုံ နေရာတွင်  စိုးလှိုင် ဆိုသူမောင်းနှင်ပြီး  မင်းထက်ကျော်လင်း လိုက်ပါစီးလာသည့် ဆိုင်ကယ်ကို အာဏာပိုင်များ တားဆီးစစ်ဆေးရာ  သယ်ဆောင်လာသည့် အဝါရောင် ပီနံအိတ် အတွင်း ၌ WY စာတမ်းပါ စိတ်ကြွဆေးပြား ခန့်မှန်းခြေ ကျပ်သိန်း ၂၄၀၀ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၄င်းတို့ ၂ ဉီးအား အာဏာပိုင်များက မေးမြန်းပြီး ဆက်လက် ရှာဖွေရာ စိုးလှိုင် နေအိမ်တွင် စိတ်ကြွဆေးပြား  စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၃၆၀၀ ခန့် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ယမန်နေ့က မူးယစ်ဆေး စုစုပေါင်း ကျပ်ငွေ ၆၀၀၀ ခန့် သိမ်းဆည်းရမိပြီး၊ မူဆယ်မြို့ ရှိ မူးယစ်တပ်ဖွဲ့စုသို့လွှဲပြောင်းကာ ဆက်လက်ဆောင်ရွက်နေကြေင်း သိရသည်။

Photo by cincds – မူဆယ်မြို့အတွင်း ဖမ်းဆီးရမိသောလက်နက်ခဲယမ်းများ

မေ ၁၆ ရက် ည ၇ နာရီခန့်ကမူ မူဆယ်မြို့ သချိုင်းအနီး စစ်ဆေးရာ အမှိုက်ကျင်း မြေစာများဖြင့် ဖုံးအုပ်ထားပြီး ဆာလာအိတ်ဖြင့် ထုတ်ပိုးထားသည့် လက်နက်များကို သိမ်းဆည်းရမိသေးကြောင်း မူဆယ်ရဲတပ်ဖွဲ့ကပြောသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ ပါရိ အမျိုးအစား မောင်းပြန် ရိုင်ဖယ်၊ အမ် ၂၂ ရိုင်ဖယ် ၃ လက်၊ ကျည် ၁၀၂တောင့်၊ ဘာရက်တာ ပစ္စတို တလက်၊ ကျည် ၇တောင့်၊ ကြိုးဆွဲ လက်ဗစ်ဗုံး ၃လုံး၊ လက်ပစ်ဗုံး အသေး (ဖြူစ့်ပါ) ၂လုံး တို့ သိမ်းဆည်း ရမိကြောင်း သိရသည်။

ထို သိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများအား လုပ်ထုံးလုပ်နည်း နှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီးကွင်းဆက်များကို ဆက်လက် စုံစမ်းစစ်ဆေးသွားမည် ဟု လည်း မူဆယ်ရဲစခန်းက ပြောသည်။

မေ ၁၅ ရက်က မူဆယ်မြို့ စွမ်စော်ရပ်ကွက် တွင် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား ၁၀ဦးကျော်နှင့်အတူ မူးယစ်ဆေး ကျပ်သိန်း ၁၈၀၀၀ ကျော် နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သေးသည်။

မေလ အတွင်း မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှု  ၂ ကြိမ်ဖြစ်ပွားခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...