Tuesday, January 27, 2026

မူဆယ်မြို့ တွင် မူးယစ်ဆေးနှင့် လက်နက်များ ဆက်တိုက် သိမ်းဆည်းရမိ

သျှမ်းပြည် မြောက်ပိုင်းမူဆယ်မြို့တွင် ကျပ်သိန်းပေါင်းထောင်ချီတန်ဖိုးရှိ မူးယစ်ဆေး၀ါးများ သိမ်းဆည်းရမိကြောင်းသိရသည်။

Photo by cincds – မူဆယ်မြို့အတွင်း ကျပ်သိန်းပေါင်းထောင်ချီတန်ဖိုးရှိမူးယစ်ဆေးများနှင့်သယ်ဆောင်သူများအားဖမ်းဆီးရမိ

မေ ၁၇ ရက် ယမန်နေ့ မနက်ပိုင်းက မူစယ်မြို့ ရထိုက်လမ်းဆုံ နေရာတွင်  စိုးလှိုင် ဆိုသူမောင်းနှင်ပြီး  မင်းထက်ကျော်လင်း လိုက်ပါစီးလာသည့် ဆိုင်ကယ်ကို အာဏာပိုင်များ တားဆီးစစ်ဆေးရာ  သယ်ဆောင်လာသည့် အဝါရောင် ပီနံအိတ် အတွင်း ၌ WY စာတမ်းပါ စိတ်ကြွဆေးပြား ခန့်မှန်းခြေ ကျပ်သိန်း ၂၄၀၀ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၄င်းတို့ ၂ ဉီးအား အာဏာပိုင်များက မေးမြန်းပြီး ဆက်လက် ရှာဖွေရာ စိုးလှိုင် နေအိမ်တွင် စိတ်ကြွဆေးပြား  စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၃၆၀၀ ခန့် ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ယမန်နေ့က မူးယစ်ဆေး စုစုပေါင်း ကျပ်ငွေ ၆၀၀၀ ခန့် သိမ်းဆည်းရမိပြီး၊ မူဆယ်မြို့ ရှိ မူးယစ်တပ်ဖွဲ့စုသို့လွှဲပြောင်းကာ ဆက်လက်ဆောင်ရွက်နေကြေင်း သိရသည်။

Photo by cincds – မူဆယ်မြို့အတွင်း ဖမ်းဆီးရမိသောလက်နက်ခဲယမ်းများ

မေ ၁၆ ရက် ည ၇ နာရီခန့်ကမူ မူဆယ်မြို့ သချိုင်းအနီး စစ်ဆေးရာ အမှိုက်ကျင်း မြေစာများဖြင့် ဖုံးအုပ်ထားပြီး ဆာလာအိတ်ဖြင့် ထုတ်ပိုးထားသည့် လက်နက်များကို သိမ်းဆည်းရမိသေးကြောင်း မူဆယ်ရဲတပ်ဖွဲ့ကပြောသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ ပါရိ အမျိုးအစား မောင်းပြန် ရိုင်ဖယ်၊ အမ် ၂၂ ရိုင်ဖယ် ၃ လက်၊ ကျည် ၁၀၂တောင့်၊ ဘာရက်တာ ပစ္စတို တလက်၊ ကျည် ၇တောင့်၊ ကြိုးဆွဲ လက်ဗစ်ဗုံး ၃လုံး၊ လက်ပစ်ဗုံး အသေး (ဖြူစ့်ပါ) ၂လုံး တို့ သိမ်းဆည်း ရမိကြောင်း သိရသည်။

ထို သိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများအား လုပ်ထုံးလုပ်နည်း နှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီးကွင်းဆက်များကို ဆက်လက် စုံစမ်းစစ်ဆေးသွားမည် ဟု လည်း မူဆယ်ရဲစခန်းက ပြောသည်။

မေ ၁၅ ရက်က မူဆယ်မြို့ စွမ်စော်ရပ်ကွက် တွင် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား ၁၀ဦးကျော်နှင့်အတူ မူးယစ်ဆေး ကျပ်သိန်း ၁၈၀၀၀ ကျော် နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သေးသည်။

မေလ အတွင်း မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှု  ၂ ကြိမ်ဖြစ်ပွားခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...