RCSS/SSA နှင့် အစိုးရတပ်ကြား ဖြစ်ပွားသောစစ်ရေးပဋိပက္ခကြောင့် ကျေးလက်ရွာသားအဖမ်းခံရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ယနေ့ အထိ စစ်ရေးတင်းမာမှု ဖြစ်ပွားနေပြီး ဖြစ်ပွားနေ သော စစ်ရေးပဋိပက္ခ ကြောင့် ကျေးလက်ဒေသခံလည်း ဖမ်းဆီးခံရသည်ဟုသိရသည်။

Photo RCSS

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် စကခ အမှတ် ၁၄ လက် အောက်ခံ တပ်ရင်းသုံးရင်း ပူးပေါင်းက မိုင်းတုံမြို့နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအား မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်သည့်နောက်ပိုင်း မိုင်းအစ် ကျေးရွာ ဉက္ကဌနှင့် ၎င်း၏သား ဖြစ်သူအား အစိုးရတပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးက – ” မိုင်းတုံဘက်မှာ ကျနော်တို့ တပ်စခန်းကို လာရောက်တိုက်ခိုက်ပြီးနောက်မှာ တပ်မတော်က မိုင်းအစ်ကျေးရွာ ဥက္ကဋ္ဌ နဲ့ သူ့သားကို လမ်းပြအဖြစ် ဖမ်းသွားတယ်။ ရက်အနည်းငယ်ကြာတော့ သူ့သားကိုပြန်လွှတ်ပေးခဲ့ပေမယ့် အဖေဖြစ် သူကိုတော့ ခုချိန်ထိ ပြန်လွှတ်မလွှတ်ပေးသေးဘူး ။ တိုက်ပွဲရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ပြည်သူလူထုကို အရင်ဆုံးထိခိုက်တာ အမှန်ပါပဲ။ ဒါကြောင့် RCSS ပဲဖြစ်ဖြစ် တပ်မတော်ကပဲဖြစ်ဖြစ် ဘယ်တပ်ဖွဲ့မဆို ပြည်သူလူထုကို မတရား ဖမ်းဆီးနှိပ်စက်ခဲ့သည်ရှိလျှင် သက်သေအခိုင်အလုံနဲ့ ပြောရဲဆိုရဲရှိရမယ် – ဟုပြောသည်။

လက်ရှိအခြေအနေမှာ မိုင်းတုံမြို့နယ်အတွင်း အစိုးရတပ်မတော် နှင့် RCSS/SSA ကြား စစ်ရေးငြိမ် သက်နေသော်လည်း သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း တပ်မတော်ဘက် စစ်ရေးလှုပ်ရှားမှု ရှိနေသည့်အတွက် တိုက်ပွဲ အချိန် မရွေးဖြစ်နိုင်သည့်အနေအထားရှိနေသည်။

ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး က ” လွယ်တောင်းတောင်ဘက်လဲ တပ်မတော်က စစ်ရေးလှုပ်ရှားမှု တွေရှိနေတယ်။ လွိုင်ဟွန်းတောင်ဘက်ဆိုလည်း မငြိမ်းချမ်းသေးတဲ့သဘော။ ဘယ်နေ့ဘယ်ချိန်မှာ တိုက်ပွဲထပ်ဖြစ်မလဲဆိုတာကိုလဲ ခန့်မှန်းလို့မရနိုင်သေးပါဘူး” – ဟု ပြောပါသည်။

ဖေဖော်ဝါရီ ၂၇ မှ မတ်ချ် လ ၃ ရက်အနေ့အထိ အစိုးရ တပ်မတော်မှ စစ်အင်အား အလုံးအရင်းဖြင့် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းရွာမ မြောက်ဘက် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ၏ လွိုင်တောင်းတောင်တပ်စခန်းအား အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်သည့်အတွက် RCSS/SSA ဘက် တပ်စခန်းမှ ဆုတ်ခွာပေးလိုက်ရ သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ် တခုဖြစ်သော ကြောင့် အစိုးရတပ်မတော်နှင့်တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိသော်လည်း ကမ္ဘာ့ကပ်ရောဂါ COVID 19 ကူးစက်ပျံ့နှံ့နေသောကြောင့်  တွေ့ဆုံရန် မဖြစ်နိုင်သေးသည့် အနေအထားဖြစ်နေကြောင်း ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

(ယိင်းယိင်း ရေးသားပေးပို့သည်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...