Tuesday, January 27, 2026

ရက်တပတ်အတွင်း မြေမြုပ်မိုင်း နင်းမိမှု ဆက်တိုက်ဖြစ်နေ

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း ရက်တပတ် အတွင်း ဆက်တိုက် မြေမြုပ်မိုင်း နင်းမိကာ သေဆုံးသူ၊ ဒဏ်ရာရသူများဆက်တိုက်ဖြစ်နေ ကြောင်း သတင်းရရှိသည်။

Photo by အဘမ်း/ မိုင်းနင်းမိသူသွားရောက်ကယ်ဆယ်သည့် ပုံ

နမ့်ဆန်မြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော် တို့ မကြာခဏ ထိတွေ့မှုဖြစ်ပွားသည့်နေရာဖြစ်သည်။

ဒီဇင်ဘာ ၁၄ရက်နေ့တွင် နမ့်ဆန်မြို့နယ် ကိုက်တိုင် ကျေးရွာ (ကြက်သေရွာ) အသက် ၄၂အရွယ် ဒေါ်အေးငွေ သည် လက်ဖက်ခြံသွားရာ မိုင်းနင်းမိပြီး ခြေထောက် ၂ဖက် ထိသည်။

ဒေါ်အေးငွေ၏ ခြေတဖက်သည် မိုင်းဒဏ်ကြောင့် ကြွေမွသွားပြီး ဖြတ်ခံရကြောင်း ကျောက်မဲမြို့ အိုမ်တမောဝ် လူမှုကူညီရေးအသင်း မှ အဘမ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by အဘမ်း/ မိုင်းဒဏ်ကြောင့် သေဆုံးသူအား မီးရှို့ သဂြိုလ်နေပုံ

“ ခြေထောက် တဖက်ဖြတ် ရတော့ သူ့အတွက် အခက်အခဲတွေ အများကြီးပါ။ ကလေး ၃ယောက် မိခင်ဆိုတော့ ပိုခက်ခဲမယ်။ အခုတောင်ဆေးကုဖို့ ငွေမရှိတာ ရင်ဆိုင်နေရတယ်” ဟု အဘမ်း က ပြောသည်။

မြေမြုပ်မိုင်း နင်းမိသည့် ဒေါ်အေးငွေသည် ကလေး ၃ဦး၏ မိခင်ဖြစ်ပြီး၊ ဆေးဝါးကုသမှုအတွက် ခက်ခဲနေကြောင်း လည်း အဘမ်းက ဆက်လက်ပြောသည်။

ထို့ပြင် ဒီဇင်ဘာ ၁၂ရက် ည ၇နာရီ ဝန်ကျင်တွင်လည်း နမ့်ဆန်မြို့နယ် လွယ်ပျက် ကျေးရွာ ဒေသခံ အသက် ၄၃နှစ် အရွယ် ဦးထွန်းတင် သည် မိုင်းနင်းမိကာ သေဆုံးခဲ့ကြောင်း လည်း အဘမ်းက ဆက်လက်ပြောသည်။

Photo by အဘမ်း/ မိုင်းနင်းမိသူသွားရောက်ကယ်ဆယ်သည့် ပုံ

ဆက်လက်ပြီး နမ့်ဆန် ဒေသခံ ဦးကျားတီ က “ ဒီဇင်ဘာ ၁၄ရက် က တရက်တည်း ၃နေရာလောက် မိုင်းထိတယ်။ မိုင်းထိတဲ့သတင်းက နေ့တိုင်းလိုလို ကြားရတယ်” ဟု သျှမ်းသံတော်ဆင့် တို့ပြောသည်။

ဒီဇင်ဘာ ၁၄ရက်နေ့ မနက် ၉ နာရီတွင် နမ့်ဆန်မြို့နယ် ဇယန်းမန်မိုင် ကျေးရွာ အသက် ၃၇ နှစ် အရွယ် ကိုလှအောင်သည် တိုက်မိုင်း ထိမိကာ နံရိုးတဝှိက်နှင့် လက်ဖျံ ကျည်စထိမှန်သွားကြောင်း၊ ဒဏ်ရာ ပြင်းထန်သဖြင့် လာရှိုးဆေးရုံသို့ လွှဲပြောင်းပေး ရကြောင်း ဦးကျားတီ က ပြောပြသည်။

ယခု ရက်တပတ် အတွင်း မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသူ ၂ဦး ရှိပြီး ဒဏ်ရာရရှိသူ ၄ဦး ရှိကြောင်း သတင်းရရှိသည်။

“ ကျနော်တို့က မြေစာပင် ပြည်သူတွေပါ။ တပ်မတော် လက်နက်ကိုင် မခွဲတော့ဘူး။ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် လုံခြုံရေး အတွက် မိုင်းချရင်လည်း ပြန်ပြီးရှင်းပေးပါ” ဟု ဦးကျားတီ က တောင်းဆိုလိုက်သည်။

စစ်ပဋိပက္ခ အတွင်း ပြည်သူများသည် ဓားစာခံအဖြစ် ခံနေရပြီး၊ မိုင်းဒဏ်ကို ပိုပြီး ပြည်သူများက ကြိတ်ပြီး ခံနေရကြောင်း လည်း ဦးကျားတီ က ဆိုသည်။

နမ့်ဆန်မြို့နယ် အတွင်း မကြာခဏ မိုင်းဒဏ်ကြောင့် ပြည်သူများလည်း ထိခိုက်မှု များစွာခံစားနေရပြီး၊ မိုင်းကို အမြန်ဆုံးရှင်းလင်းပေးရန်လည်း သျှမ်းမြောက် လူမှုကူညီရေး အသင်း က တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

ကျောက်မဲ တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်မှန်သေဆုံး၊ နေရပ်ပြန်စစ်ရှောင်တစ်ဦး မိုင်းနင်းမိသေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား အရပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး နေရပ်ပြန်စစ်ရှောင်တစ်ဦးလည်း မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၁၇ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ ခဲလုံကျေးရွာဘက်တွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲကြား တောထဲ ထွက်ပြေးတိမ်းရှောင်နေသည့်...

နွားစာ မြက်သွားရိတ်သည့် မိုင်းနောင်ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်းကျေးရွာတွင် နွားစာအတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၁) ရက် နံနက် (၇) နာရီကျော်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး...

ကွန်ဟိန်းမြို့နယ် တောင်ယာသွားစဉ် မိုင်းနင်းမိပြီး အရပ်သား (၁) ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ဝမ်ဆိုင်းမွန်ရွာမှ ဒေသခံများ တောင်ယာသွားနေစဉ် လမ်းတွင် မြေမြှုပ်မိုင်း နင်းမိပြီး အသက် (၁၅) နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးပြီး၊ ဒေသခံ ၂၀ ကျော် ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၂၀) ရက် နံနက် ၈ နာရီခန့်တွင် ကွန်ဟိန်းမြို့နယ်...