Tuesday, January 27, 2026

ဘိန်းခင်းများ ဖျက်သော်လည်း မလျော့သေးဟု တောင်ကြီးဒေသခံများပြော

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် အတွင်း ဘိန်းစိုက်ပျိုးမှု လျော့ကျလာခြင်းမရှိကြောင်း ဒေသခံများထံသိရသည်။


Photo by မူးယဈရဲတပျဖှဲ့

သက်ဆိုင်ရာမှနှစ်စဉ် ဘိန်းစိုက်ပျိုးမှုကို ဖျက်ဆီးနေ သော်လည်း ဘိန်းစိုက်ပျိုးမှုမှာ လျော့ချလာခြင်းမရှိကြောင်း ပင်းလောင်မြို့ ဒေသခံ စိုင်းဘ က ပြောသည်။

မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့ သည် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ ဒီဇင်ဘာ ၁၂ရက်နေ့ထိ ဘိန်းစိုက်ခင်း ဧက ၁၁၀၀ ကျော် ဖျက်ဆီးပြီးကြောင်း ယနေ့ ရက်စွဲဖြင့် မူးယစ်ရဲတပ်ဖွဲ့ က ထုတ်ပြန်ကြေညာလိုက်သည်။

ထိုဖျက်ဆီးလိုက်သည့် ဘိန်းခင်းများသည် ပင်လောင်းမြို့နယ်တွင် ၈၁၇.၅ ဧက နှင့် ဖယ်ခုံမြို့နယ်တွင် ၃၅၇ ဧက တို့ကို ဖျက်ဆီးခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။


Photo by မူးယဈရဲတပျဖှဲ့

ထို့ကြောင့် တောင်ကြီးခရိုင်အတွင်း ဘိန်းခင်းဖျက်ဆီးမှု ဧက ၁၁၆၉ ရှိလာကြောင်း သိရသည်။

“ နှစ်တိုင်း ဒီချိန်ဆို သက်ဆိုင်ရာက ဘိန်းခင်း ဖျက်တယ်။ စိုက်တဲ့သူက စိုက်တာပဲ။ တခြား သီးနှံ စိုက်ပျိုးရင် ဈေးကွက်မရှိတာ။သီးနှံဈေးနှုန်းတွေ လမ်းပန်းတွေ ကောင်းအောင်မလုပ်ပေးနိုင်ရင်တော့ ဘိန်းစိုက်ပျိုးမှု က ဆက်ရှိနေမှာပါ” ဟု ပင်းလောင်းမြို့ ဒေသခံ စိုင်းဘ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ဘိန်းခင်းများ သွားရောက်ဖျက်ဆီးရာတွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များ နှင့် ကျေးရွာနေ ပြည်သူများ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

လက်ရှိ သျှမ်းပြည် တွင် ဘိန်းခင်း အများဆုံး စိုက်ပျိုးသည့်မြို့နယ်သည် ပင်လောင်းမြို့နယ် ဖြစ်ကြောင်းသိရသည်။

သက်ဆိုင်ရာမှ နှစ်စဉ် ဘိန်းခင်း ဖျက်ဆီးမှု များရှိသော်လည်း ဘိန်းစိုက်ပျိုးမှုမှာ လျော့ကျသွားခြင်းမရှိသည့် အပေါ် သျှမ်းပြည်သူများ က ဝေဖန်မှုများရှိနေသည်။

မြန်မာ နိုင်ငံတွင် ကချင်၊ သျှမ်း၊ ချင်း နှင့် ကယားပြည် တို့တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်ဆိုင်ရာ ရုံး(UNODC) နှင့် ပူးပေါင်းကာ ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးရေး စီမံကိန်း လုပ်ဆောင်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦးရုပ်အလောင်းထပ်မံတွေ့ရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ယနေ့ (ဧပြီ ၂)ရက် နေ့ မနက် ၉ နာရီအချိန်တွင် ထပ်မံတွေ့ရှိရကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့များထံမှ သတင်းရရှိသည်။ ယနေ့ (ဧပြီ ၂)...

အေးချမ်းမှုများ ပျောက်ပြယ်သွားသည့် မဲနယ်တောင် 

0
လမ်းမရဲ့ ဘေးဘယ်ညာ လမ်းဘေး တလျှောက်မှာ အဝါရောင် ရာသီပေါ် နှမ်းပင်တွေ အစား ရောင်စုံဘိန်းပန်းပွင့်များက နေရောင်နှင့်အတူ ဝေဝေဆာဆာ ဖူးပွင့်နေကြသည်။ ရောင်စုံ ဘိန်းပန်းခင်းများကို သာမာန်အားဖြင့် ကားလမ်းမကြီးပေါ်၊ ကျေးရွာအနီးတဝှိက်မှာ မြင်တွေ့လေ့မရှိပေ။  ထိုနေရာက စစ်အာဏာမသိမ်းခင် ကာလမှာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်သော တောင်ဇလပ်ပန်းများ ဝေဝေဆာဆာပွင့်ပြီး လည်ပတ်စရာ...

တောင်ကြီးခရိုင် စစ်ကောင်စီမှခေါ်ဆောင်ခံရသည့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခံရသည့် လူငယ်များ ရှေ့တန်းတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ထိုသူများသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များမှ စစ်မှုထမ်း အပတ်စဉ် (၅) နှင့် (၆) အတွက် စစ်မှုထမ်းခေါ်ဆောင်ခံသွားရသည့် လူငယ်များဖြစ်ကြသည်။ ဇန်နဝါရီလ (၅) ရက်မှ (၁၀)...

အွန်လိုင်း ကနေ တရားမဝင် မြေကွက်ရောင်းချနေမှုကို ထွေအုပ်ရုံးမှ အသိပေးတားမြစ်

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် အတွင်းတွင် အွန်လိုင်းမှတဆင့် တရားမဝင်မြေကွက် ရောင်းချနေသူများကို ထွေအုပ်ရုံးမှ အသိပေးစာထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကတည်း တောင်ကြီးခရိုင် ကျောက်တစ်လုံးကြီးမြို့ နောင်ကား၊ နောင်ရွေးဖက်တွင် မြေကွက်များကို ဈေးသက်သာစွာဖြင့် အွန်လိုင်းကနေရောင်းချနေသူများကို မြေယာဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိရေး တင်ပြဆောင်ရွက်ကြရန်နှင့် ထိုသို့ မလိုက်နာသည့်သူများကို တည်ဆဲဥပဒေအရ...

လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်အတွင်း စက်သုံးဆီပြတ်လပ် ထောက်ခံစာဖြင့်သာဝယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်တို့ဘက်တွင် စက်သုံးဆီများပြတ်လပ်နေပြီး ထောက်ခံစာဖြင့်ဝယ်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၃၁)ရက် ညနေပိုင်းတွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးများတွင် တန်းစီပြီး ထောက်ခံစာဖပါလာသည့် သူများကိုသာ ရောင်းချပေးနေကြောင်း တောင်ကြီးမြို့နယ် မှ ဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’၂ပိဿာပုံးနဲ့သွားဝယ်တာတောင် ထောက်ခံစာပါမှ ရောင်းပေးတာ ။ အိမ်က...