Tuesday, January 27, 2026

တောင်ကြီးခရိုင် အတွင်း ဘိန်းခင်း ဧက ၉၀၀ ကျော် ဖျက်ဆီး

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် အတွင်း ဘိန်းခင်း ဧက ၉၀၀ ကျော် ဖျက်ဆီး ခဲ့ကြောင်း သတင်းရရှိသည်။

Photo by မူးယစ်ရဲတပ်ဖွဲ့

အောက်တိုဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက် ထိ ဖယ်ခုံမြို့နယ် အနီးတွင် ဧက ၃၁၂ နှင့် ပင်လောင်းမြို့နယ် အတွင်း ဘိန်းခင်း ဧက ၆၄၂ ဧက တို့ကို ဖျက်ဆီးခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

ဘိန်းခင်းများ သွားရောက်ဖျက်ဆီးရာတွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ နှင့် ကျေးရွာများ ပူးပေါင်းပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သျှမ်းပြည် အတွင်း ဘိန်းခင်း စိုက်ပျိုးသည့်ဒေသများမှာ သျှမ်းတောင်တွင် ဖယ်ခုံ၊ ပင်လောင်း နှင့် ဟိုပုံး မြို့နယ် တွင် အများဆုံးရှိကြောင်း သိရသည်။

မြန်မာ နိုင်ငံ တွင် ကချင်၊ ရှမ်း၊ ချင်းနှင့် ကယားပြည်နယ် တို့တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်ဆိုင်ရာရုံး ( UNODC) နှင့် ပူးပေါင်း ကာ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး စီမံကိန်း လုပ်ဆောင်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘိန်းစိုက်ခွန်ကောက်သည့် စစ်ကော်မရှင်နှင့် PNO ဘိန်းခင်းဟန်ပြထပ်မံဖျက်ဆီး

0
သျှမ်းပြည်တောင်ပိုင်းရှိ ဟိုပုံး၊ ပင်လောင်း၊ လွိုင်လင်နှင့် ဆီဆိုင်မြို့နယ်တို့တွင် နှစ်စဉ် ဘိန်းစိုက်ခွန် ကောက်ခံနေသည့် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က သီးသန့်စိုက်ထားသည့် ဘိန်းခင်းများကို ထပ်မံဟန်ပြ ဖျက်ဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်တွင် ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု လိုက်ကန်ကျေးရွာ အရှေ့မြောက်ဘက်တွင်...

နှစ်စဉ်ကြုံရသည့် ခရမ်းချဉ်သီးပြဿနာ

0
စျေးကွက် ကောင်းလာနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ပျိုးခဲ့သော်လည်း စျေးကွက် မရကာ လမ်းဘေးတွင် သွန်လိုက်ရသည့် အခြေအနေသို့ ထပ်မံရောက်ရှိနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှ စပြီး ခရမ်းချဉ်သီး စျေးနှုန်းသည် တပိဿလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ထိ ထိုးကျဆင်းလာခဲ့သည်။ ခရမ်းချဉ်သီးများသည်...

စစ်ကော်မရှင် ဖယ်ခုံမြို့နယ်ထဲ နေ့စဉ်ဆက်တိုက် လက်နက်ကြီးရမ်းသမ်းပစ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူစစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာကိုစစ်ကော်မရှင်နှင့်ပအိုဝ်း ပြည်သူ့စစ် (PNO) တို့ စပြီး ထိုးစစ်ဆင် ဝင်ရောက်ခဲ့သည်။ ထို့နောက် စစ်ကော်မရှင်နှင့် PNO တို့သည့်...

ဖယ်ခုံမြို့နယ် စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲထပ်မံဖြစ်

0
သျှမ်းပြည်ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တို့ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညပိုင်းတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် (အောက်တိုဘာ ၁၁ ရက်)တွင်လည်း စစ်ကော်မရှင်တပ်၊PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ခေါင်းအီကျေးရွာအုပ်စု၊ ဘောရန်ကျေးရွာအတွင်းသို့...

ပင်လောင်းမြို့နယ် အတွင်း စစ်ရေး ပြန်ပြင်းထန်လာနိုင်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စု တောင်မဲသင်းကျေးရွာအတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် အောက်တိုဘာ ၇ ရက်မှ စတင်ပြီး ယနေ့(အောက်တိုဘာ ၉)ရက် ထိ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။ ထိုတိုက်ပွဲဖြစ်ပွားသည့် တောင်မဲသင်းကျေးရွာသည် လွန်ခဲ့သည့် ၂၀၂၃ခုနစ် နှစ်ဉီးပိုင်းတွင်လည်း စစ်ကော်မရှင်တပ်၊...