ယခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ အရေအတွက် လျော့လာ

သျှမ်းပြည် တောင်ကြီးမြို့ တွင် ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်တွင် လွှတ်တင်မည့် မီးပုံးပျံ အရေအတွက်သည် ယခင်နှစ်ထက် နည်းကြောင်း သတင်းရရှိသည်။

Photo by SHAN/ ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် တွင် လွှတ်တင်သည့် မီးပုံးပျံ

ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် လွှတ်တင်မည့် မီးပုံးပျံ အရေးအတွက်သည် ၃၆၅ လုံးရှိပြီး၊ တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၄ရက်နေ့မှ ၁၂ရက်ထိ အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပသည်။

“ ဒီနှစ် မီးပုံးပျံ က မနှစ်က ထက်နည်းတယ်။ နေ့လွှတ် အရုပ် ကပိုများတယ်။ ညလွှတ်မီးပုံးပျံ ကတော့ လျော့လာတယ်။ ပွဲတော်နေ့ကလည်း တရက်လျော့လာတယ်” ဟု မီးပုံးပျံ ပညာရှင် ဥက္ကဌ ဒေါက်တာ သန်းဝင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo by SHAN/ ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် တွင် လွှတ်တင်သည့် မီးပုံးပျံ

ယခုနှစ် နေ့လွှတ် အရုပ် မီးပုံးပျံသည် တရက်လျှင် အလုံး ၄၀ လွှတ်တင်မည့်ဖြစ်ကြောင်း၊ ယခင်နှစ်တွင် နေ့လွှတ် အရုပ်မီးပုံးပျံသည် တရက်လျှင် အလုံး ၃၀ သာ ရှိကြောင်း ဒေါက်တာ သန်းဝင်းက ပြောသည်။

တန်ဆောင်တိုင် ပွဲတော် ကျင်းပသည့် ရက်ကို ယခင်နှစ် ထက် တရက်လျော့ကျသဖြင့် မီးပုံးပျံ လွှတ်တင်ရန် အတွက် အခက်အခဲများစွာ ရှိကြောင်း တဖက်တွင်လည်း ရာသီဥတု အခြေအနေကို ကြည့်ကာ လွှတ်တင်ရကြောင်းလည်း ဒေါက်တာ သန်းဝင်း က ရှင်းပြသည်။

Photo by SHAN/ ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် တွင် လွှတ်တင်သည့် မီးပုံးပျံ

“ အခုနှစ် ညမီးပုံးလွှတ်တဲ့လူတွေက အရင်ကလို အချိန်မဆွဲတော့ဘူး။ ရာသီဥတု ကောင်းတာနဲ့ ချက်ချင်းလွှတ်တယ်။ ဒါပေမယ့် ပွဲဝင်လာတဲ့အချိန် လူများရင် သူတို့ ဝင်ဖို့ ခက်မယ်။ နေရာ အခက်အခဲကြောင့် အချိန်ကြာမယ်” ဟုလည်း ဒေါက်တာ သန်းဝင်း ကဆိုသည်။

ထို့ကြောင့် ရာသီဥတု မကောင်းပါက အခြေအနေကြည့်ပြီး မီးပုံးပျံလွှတ်တင်ရန် တရက် ထပ်မံတိုးပေးမည်ဟုလည်း သိရသည်။

Photo by SHAN/ ယခုနှစ် တောင်ကြီး တန်ဆောင်တိုင် တွင် လွှတ်တင်သည့် မီးပုံးပျံ

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ယှဉ်ပြိုင်မှုကို အနယ်နယ်အရပ်ရပ်မှ လာရောက်ယှဉ်ပြိုင်ကြောင်း၊ လာရောက်ယှဉ်ပြိုင်သည့် မြို့များမှာ တာချီလိတ်၊ လွိုင်ကော်၊ ရွာငံ၊ ပင်းတယ။ လွိုင်လင် နှင့် ညောင်ရွှေ တို့လည်း ပါဝင်ကြောင်းသိရသည်။

ယမန်နှစ် တွင် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံ အလုံးရေ အရေအတွက် ၄၁၄လုံး လွှတ်တင်နိုင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...