Tuesday, January 27, 2026

တာချီလိတ်မြို့နယ် အတွင်း ထိုင်းနိုင်ငံ ၆ ဦး နှင့် မြန်မာ နိုင်ငံသား ၂ ဦးထံမှ လက်နက်ခဲယမ်း များဖမ်းမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာ အုပ်စု ပါလိုင် ကျေးရွာတွင် ဇူလိုင် ၂ ရက် ညနေပိုင်းက မြန်မာနိုင်ငံသား ၂ ဦး နှင့် ထိုင်းနိုင်ငံသား ၆ ဦးထံ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo Credit Tachileik youth-တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာ အုပ်စု ပါလိုင် ကျေးရွာတွင် လက်နက်များနှင့်အတူ ဖမ်းဆီးရမိသော မြန်မာနိုင်ငံသား ၂ ဦး နှင့် ထိုင်းနိုင်ငံသား ၆ ဦး

အဆိုပါ ကျေးရွာ အတွင်း ထိုင်းနိုင်ငံသား ၆ ဦး တရားမဝင် နေထိုင်နေသည်ဟု သတင်းရရှိပြီး တာချီလိတ်ရဲများဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံသား အမျိုးသားတဦး၊ အမျိုးသမီး တဦး အပါအဝင် ထိုင်းနိုင်ငံသား အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၃ ဦး စုးပေါင်း ၈ ဦး အား လက်နက် ခဲယမ်း များနှင့်အ တူ ဖမ်းဆီးရမိကြောင်း မြန်မာ နို်င်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဖမ်းဆီးရမိသည့် လက်နက် ခဲယမ်းများမှာ ခြောက်လုံးပြူး သေနတ် ၂ လက်၊ 9 MM ပစ္စတို သေနတ် ၃လက်၊ AK 47 သေနတ် ၃ လက်၊ M16 သေနတ် ၂ လက်၊ ၁၂ ဗို့ တလုံးထိုး သေနတ် ၃ လက်၊ M12 တလက်၊ M22 ရိုင်ဖယ် တလက် နှင့် ကျည် မျိုးစုံ စုစုပေါင်း (၁၉ ၅၀) တောင့် သိမ်းဆည်းရမိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထို့့အပြင် VIGO မော်တော်ယာဉ် ၃ စီး၊ MARK-X အမျိုးအစားယာဉ် တစီး တို့့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီး ရမိသူ ၈ ဦး ကို ဥပေဒ အရ အရေးယူနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

တာချီလိတ်မြို့နယ် အတွင်း ထိုင်းနိုင်ငံသားများ၊ တရုတ်နိုင်ငံသားများ တရားမဝင် လာရောက် နေထိုင် ခြင်းများစွာရှိနေကြောင်း၊ သက်ဆိုင်ရာမှ သေချာ စွာ စိစစ်သင့်ကြောင်းလည်း တာချီလိတ်ဒေသခံ များက ပြောသည်။

“ တရုတ်၊ ထိုင်းတွေ အိမ်ခန်းငှားရင် တရားဝင် လာတာလား။ ဒါမှ မဟုတ် တရားမဝင် လာတာလားဆိုတာ အိမ်ရှင်တွေ ကလည်း စစ်ဆေးသင့်တယ်။နောက် တရားမဝင် ရဲ့ နောက်ဆက်တွဲ ပြဿနာတွေ အရမ်းများတယ်” ဟု တာချီလိတ်ဒေသခံ တဦး က ပြောသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံသား အမည်ခံထားသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများအား ထိုင်းရဲတပ်ဖွဲ့များမှ ဆက်တိုက်ဖမ်းဆီးနေ

0
ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားအမည်ခံထားသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများအား ထိုင်းရဲတပ်ဖွဲ့များမှ ဆက်တိုက်ဖမ်းဆီးနေကြောင်း ထိုင်းရောက်ရွှေ့ပြောင်းသမားအရေး ကူညီဆောင်ရွက်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလမှစ၍ ထိုင်းနိုင်ငံ နေရာဒေသအသီးသီးရှိ နိုင်ငံခြားသားများ၏ ဥပဒေနှင့်မညီသော လှုပ်ရှားမှုကို စောင့်ကြည့်အရေးယူရန် ထိုင်းရဲချုပ် Kitrat Panphet က အမိန့်ထုတ်ပြန်ပြီးနောက် တရားမဝင်သော လုပ်ငန်းများ၊ နေထိုင်သူများ၊ ဝင်ရောက်လာသူများ၊...

မိုင်းတုံ တရားမဝင်ထိုင်းနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့မှ ငွေညှစ်ပြီးပြန်လွှတ်

0
သျှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့တွင် တရားမဝင် ထိုင်းနိုင်ငံသားတစ်ဦးကို ရဲများမှာ ငွေညှစ်ပြီး ပြန်လွှတ်လိုက်ကြောင်း ဒေသခံများထံမှသိရသည်။ မိုင်းတုံမြို့အနီးတဝိုက် နားကောင်းမူးနားတွင် တရားမဝင်လာရောက်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို ယမန်နေ့ (အောက်တိုဘာလ ၅ ရက်)တွင် ဖမ်းဆီးငွေညှစ်ခဲ့ပြီး အဆိုပါ ထိုင်းနိုင်ငံသားမှာ ထိုင်းနိုင်ငံသို့ ပြန်လို့မရသည့် မှောင်ခိုလုပ်သားတစ်ဦးဖြစ်ပြီး မြန်မာရဲများကို ဘတ်...

မိုင်းဆတ် ပြည်သူ့စစ်ခေါင်းဆောင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရ

0
သျှမ်းပြည် မိုင်းဆတ်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် တာချီလိတ်မြို့တွင် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၃၀) ရက်တွင် မိုင်းဆတ်မြို့နယ်၊ ဝိန်းကောင်းကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့မှ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ စိုင်းဝန်းခမ်းသည် တာချီလိတ်မြို့သို့ သွားရောက်စဉ် ၎င်း၏ကားကို မူးယစ်တပ်ဖွဲ့က ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ...

မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့ဘက်သွားလမ်းတွင် ဘိန်းဖြူများဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့သွားလမ်းတွင် ဘိန်းဖြူများကို ဖမ်းဆီး ရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မိုင်းရယ်ဘက်မှ မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ  ကြိုတင်သိရှိစောင့်ကြပ်စစ်ဆေးရာ  ဘိန်းဖြူ တန်ဖိုးငွေ ၁.၉ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ယာဉ်အမျိုးအစား၊ အရောင်၊ နံပါတ်တို့ကို ကြိုတင်သတင်းရရှိထားကြောင်းသိရသည်။ မိုင်းရယ်ဘက်မှ...

ကွတ်ခိုင်မြို့နယ်တွင် ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တန်ဖိုးငွေ ကျပ်သိန်း ၆၄၀ စာ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် ယမန်နေ့မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင် - ကောင်းခါးအ သွားလမ်းတွင် စောင့်ဆိုင်းစစ်ဆေးစဉ် ဇော်ဒွဲရိန်(ခ) မာဒွဲ ၁၉ နှစ်မောင်းနှင်လာသည့်...