Tuesday, January 27, 2026

သိန္နီမြို့နယ်တွင် ကျပ်သိန်း ၃၇၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်သူတဦး လွှတ်မြောက်နေ

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်တွင် မူဆယ်- မန္တလေး ပြည်ထောင်စု ကားလမ်း အိုရီယမ်တယ် တိုးဂိတ်အနီး ကျပ်ငွေ သိန်း ၃၇၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးများတင်ဆောင်လာသောကားတစီးအား ရဲများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo Credit to CCDAC

ဇွန် ၃ ရက် ည ၁၁ နာရီခွဲက အဆိုပါ စိတ်ကြွ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ၂ ဦးအနက် အသက် ၃၃ နှစ် အရွယ် လွင်မျိုးအောင် (ခ) အိုက်ပီးကို ဖမ်းဆီးရမိသော်လည်း ကားအကူ ရန်စန်း အသက် (၅၀) မှာ ထွက်ပြေး တိမ်းရှောင် နေကြောင်း သိန္နီမြို့ မရဲစခန်း မှ သိရသည်။

အဆိုပါကားပေါ်မှ မူးယစ်ဆေးဝါးများမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၅၀,၀၀၀ ပြား (ကာလတန်ဖိုးငွေ ကျပ်သိန်း ၃၇၀၀၀)၊ ငွေကျပ် ၂ သိန်း နှင့် လက်ကိုင်ဖုန်း တလုံး သိမ်းဆည်း ရမိကြောင်း ရဲစခန်း ၏ ထုတ်ပြန်ချက် အရ သိရသည်။

လက်ရှိမှာတော့ မူးယစ်ဆေးဝါးကို သယ်ဆောင်လာသည့် ကားသမား လွင်မျိုးအောင် (ခ) အိုက်ပီး နှင့် ထွက်ပြေးတိမ်းရှောင်နေသည့် ရန်စန်း ကို မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး ဆိုင်ရာ ဥပဒေအရ အရေးယူ ထားသည်ဟုသိရသည်။

မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် အသက် ၃၃ နှစ် အရွယ် ကားသမားအားဖမ်းမိကာ အသက် ၅၀ အရွယ် ရန်စန်း တယောက် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ကြား ထွက်ပြေး တိမ်းရှောင်နိုင်သည်မှာ စဉ်းစားစရာဖြစ်သည်ဟု သျှမ်းပြည်နယ် သိန္နီမြို့မှ ဒေသခံများ ကပြောဆိုသည်။

ယခုလအတွင်း သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်သူများ မကြာခဏ ဖမ်းဆီးရမိပြီး၊ မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်များကို မဖမ်းဆီးနိုင်သေးပေ။

သျှမ်းပြည်နယ်အတွင်း တပတ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ကာ ဖမ်းဆီးရသူ ဦးရေ ၁၀ ဦး အထက် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

အယ်ဒီတာပေးစာ

0
သို့သျှမ်းသံတော်ဆင့်သတင်းဌာန သိန္နီမြို့ရဲ့ ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေ ဒုက္ခတွေကြားထဲမှာ ရုန်းကန်နေရတဲ့ ဒေသခံပြည်သူတွေဆီ ဝန်ဆောင်ခအများအပြားကောက်ယူနေတဲ့အကြောင်းလေး ရင်ဖွင့်ချင်လို့ပါ။ ကျမတို့ သိန္နီမြို့သေးသေးလေးက “၁၀၂၇ စစ်ဆင်ရေး” ဆိုတဲ့တိုက်ပွဲဒဏ်ကြီးကလဲ ခံထားရတော့ စီးပွားရေးက အခုထက်ထိ ကောင်းကောင်းခေါင်းမထောင်နိုင်သေးပါဘူး။ အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို အလုပ်မဖြစ်တော့ ဝင်ငွေက ပုံမှန်မရတင်မကဘူး တချို့ရက်ဆို အရင်းတောင်ရောင်းမရတော့ ခက်ခဲတာပေါ့။ တိုက်ပွဲဖြစ်ပြီးတဲ့...
Hsenwi_MNDAA_ID_1

သိန္နီမြို့တွင် MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း စတင်လုပ်ပေး

0
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ စတင်ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။

တရုတ်လမုန့် ပွဲ နာမည်ခံ သိန္နီမြို့ လောင်းကစားပွဲတော်

0
ဘောလုံးကွင်း တကွင်းစာခန့်ရှိသော မြေလွတ်တစ်နေရာတွင် လူတွေက “ဖားဖား…၊ ကျားကျား..၊ ဆင်ဆင်..”ဟု အော်သူကအော်ပြီး ဆော့သူကဆော့ကာ အများအကြိုက် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် ဖဲဝိုင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဆော့ကစားနေကြသည်။ အများသူဌာသည် လမုန့်စားပွဲတော်ဟု နှုတ်ကနေပြောဆိုသော်လည်း အမှန်တကယ်တွင် လောင်းကစား ပွဲတော်ပင် ဖြစ်နေသည်။ ထိုနေရာသည် တချိန်တခါက သျှမ်းစော်ဘွား နန်းစိုက်ရာ...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...