စစ်ကောင်စီ မှ RCSS လွိုင်ကော်ဝမ်းစခန်းကို လက်နက်ကြီးပစ် စစ်ရှောင်နေသည့်နေရာကျ

မြန်မာ-ထိုင်းနယ်စပ် လွိုင်ကော်ဝမ်း RCSS/SSAတပ်စခန်းကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ (ဧပြီ ၁၈) ညနေ ၆နာရီဝန်းကျင် တွင် လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်များနေထိုင်သည့် ခြံမြေပေါ် လက်နက်ကြီးကျခဲ့ကြောင်း သတင်းရရှိသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ဟွေ့ခိုက်တပ်စခန်း မှ (၁၂၀ )မမ လက်နက်ကြီးဖြင့် RCSS/SSA လွိုင်ကော်ဝမ်း တပ်စခန်း အနီးကို ပစ်ခတ်သဖြင့် ဟွေ့ပန်ကွိုင်း ဒုက္ခသည် များနေထိုင်သည့် ကျေးရွာခြံမြေထဲကျခဲ့ကာ စစ်ရှောင်များ နေရာထပ်မံပြောင်းရွှေ့နေရကြောင်း သိရသည်။

“ တပ် က ညနေ ၅နာရီ ၄၀မိနစ် မှာ လက်နက်ကြီး (၁၂၀) မမ နဲ့ ၂လုံး ပစ်လာတယ်။ လွိုင်ကော်ဝမ်း နားမှာ ရှိတဲ့ ဟွေ့ပန်ကွိုင်ဒုက္ခသည် ရဲ့ ခြံမြေထဲကျတယ်။လူထိခိုက်မှုတော့မရှိဘူး။ အိမ်ခြေ (၁၀)အိမ်ကတော့ ထိုင်း-မြန်မာ နယ်စပ် အနီးက လွိုင်ကော်ဝမ်း ကို ပြောင်းနေလိုက်တယ်” ဟု RCSS/SSA လွိုင်ကော်ဝမ်း မှ အရာရှိသူ တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ လက်နက်ကြီး ကြောင့် လူထိခိုက်မှုမရှိကြောင်း၊ RCSS/SSA ဘက်မှလည်း ပြန်လည် တုန့်ပြန်ခြင်းမရှိသေးကြောင်း အထက်ပါ အရာရှိက ပြောသည်။

RCSS/SSAတပ်စခန်းဖြစ်သည့် လွိုင်ကော်ဝမ်း အနီးတဝှိက်တွင် စစ်ဘေးရှောင် (၆၀၀၀) ကျော်ရှိကြောင်း သိရသည်။

မတ် ၃၀ ရက်တွင် အကြမ်းဖက် စစ်ကောင်စီမှ မြန်မာ-ထိုင်းနယ်စပ်တလျောက်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်း အားလုံးကို တိုက်ခိုက်မည်ဟု ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခြားကောက်မတီ ထံ အသိပေးထားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ အနေဖြင့် မြန်မာ-ထိုင်းနယ်စပ်တလျောက်ကို တိုက်ခိုက်လာမည်ဆိုပါက ထိုနယ်စပ်တလျောက်တွင်နေထိုင်သည့် စစ်ရှောင်များ ဘေးကင်းရန် ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက် ရှောင်တိမ်းနိုင်ရန် လုံခြုံရေး နှင့် လူသားချင်းစာနာထောက်ထားမှုပေးရေး အတွက် ခွင့်ပြုပေးရန် လည်း ထိုင်း အစိုးရကို တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...