Contact Us

ဦးတည်ချက်

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စနစ် ထွန်းကားရေး၊ လူ့အခွင့်အရေးအပြည့်အ၀ရရှိရေး၊ တန်းတူညီမျှမှုရှိရေး အတွက် သတင်းသမားကျင့်ဝတ်နှင့်အညီ တိကျမှန်ကန်သည့် သတင်း အချက်အလက်များအားဖြန့်ဝေရေး။

လုပ်ဆောင်ချက်

ပြည်ထောင်စု တိုင်း ရင်းသားများအပေါ်သိရှိနားလည်မှုရှိရန် သတင်းကျင့်ဝတ် စံချိန်စံညွှန်းနှင့်ညီသော ၊ အကျိုးရှိပြီး အသိပညာဖြစ်စေသော၊ မှန်ကန်၍ယုံကြည်ရ သောသတင်းအချက်အလက်များကို ရှမ်း ၊ မြန်မာ၊ အင်္ဂလိပ်၊ အစရှိဘာသာရပ်များဖြင့် ရေးသားပြီး ပုံနှိပ်ထုတ်ဝေခြင်း၊ ဗီဒီယို၊ ရေဒီယို များမှ ကြေငြာထုတ်လွှင့်ခြင်း။

ရည်မှန်းချက်

– ယုံကြည်မှုရှိသော မှန်ကန်သော နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဖက်ဒရယ် အရေး၊ ဒီမိုကရေစီအရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး  အစရှိသတင်းအချက်အလက်များအား  ရှမ်းလူမျိုးများ၊ ရှမ်းပြည်သားများ နှင့် ပြည်ထောင်စု တိုင်းရင်းသားများအပြင် အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့များထံသို့ အရောက်ပေးပို့ရန်။

– ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး၊ မြန်မာ့ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေး၊ လူ့အခွင့်အရေးများအား ကမ္ဘာ့ကုလသမဂ္ဂ နှင့် ရှမ်းပြည်လူထု နှစ်ဦးနှစ်ဘက်ကြား ပိုမိုနား လည်မှုရှိလာစေရန်။

– ရိုးရာယဉ်ကျေးမှု၊ သမိုင်း၊ ဘာသာနှင့် ရှေးဟောင်းအမွေအနှစ်များအား ထိန်းသိမ်းနိုင်ရန် အတွက် အချက်အလက်စုဆောင်းပြီး ပြန်လည်ဖြန့်ဝေပေးရန်။

ကြော်ငြာလက်ခံသည့်စနစ်

သျှမ်းသံတော်ဆင့်သတင်းဌာနသည် လွတ်လပ်သော သတင်းမီဒီယာအဖွဲ့အစည်းတခုဖြစ်ပြီး မည်သည့်အဖွဲ့အစည်းထံ ပုဂ္ဂိုလ်ထံမှ အကျိုးအမြတ်ရယူခြင်းမရှိပါ။ သျှမ်းသံတော်ဆင့်၏ ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်တွင်းဖြစ်ပျက်နေသည့်အဖြစ်အပျက်များ၊ သတင်းအချက် အလက် များအား စိတ်ပါဝင်စားသူများထံသို့ အရောက်ပို့ပေးရာမှာ သတင်းရေးသားထုတ်ဝေသူနှင့် သတင်းလက်ခံဖတ်ရှုသူတို့ကြား အချင်းချင်းယုံကြည်မှုခိုင်မြဲစေရန်၊ လုပ်ငန်းအပေါ် ကျေနပ် လက်ခံမှုများရှိစေရန်ရည်ရွယ်ပြီး သျှမ်းသံတော်ဆင့် မှ ကြော်ငြာလက်ခံသည့်စနစ်အား အောက် ပါအတိုင်းရေးဆွဲသတ်မှတ်ထားပါသည်။

ကြော်ငြာဆိုင်ရာ အချက်အလက်များ

သျှမ်းသံတော်ဆင့်မှလက်ခံမည့်ကြော်ငြာများသည် တခြားတပါးသူ၏အိုင်ဒီယာ ၊ အကြံဉာဏ်များ ကိုထိပါးစော်ကားခြင်း၊ တခြားတပါးသောသူများ၏ ကိုယ်ရေး၊ အဖွဲ့အစည်းအရေး၊ စီးပွါးရေးများ ကိုထိပါးစော်ကားခြင်းမရှိစေရ။ သျှမ်းသံတော်ဆင့်သတင်းဌာနထံသို့ လာရောက်ကြော်ငြာမည့် ပစ္စည်းများသည် စစ်မှန်သောပစ္စည်းများသာဖြစ်ရမည်။ အတုအပ မဖြစ်စေရ။ တခြားတပါး သူနာ မည်ပျက်၊ ဆုံးရှုံးအောင်ရည်ရွယ်ပြီးထုတ်လုပ်သည့် ပစ္စည်းအတုများမဖြစ်စေရ။

တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အောက်ပါ အချက်အလက်များပါရှိသည့် ကြော်ငြာများအား သျှမ်းသံတော်ဆင့်သတင်းဌာန လက်ခံမည်မဟုတ်

– မကောင်းမှုဒုစရိုက်လုပ်ငန်းများတွင်ကျင်လည်လုပ်ဆောင်မှုဖြစ်ပွါးစေရန်ရည်ရွယ်သည့် – ကြော်ငြာဆိုင်ရာသတင်းအချက်အလက်များ။
– အမျိုးသား၊ အမျိုးသမီး၊ လူမျိုး၊ ဘာသာ၊ သာသနာ၊ ယုံကြည်မှု နှင့် ရိုးရာယဉ်ကျေးမှုကိုထိပါးစေမည့် ကြော်ငြာဆိုင်ရာ သတင်းအချက်အလက်များ။
– လူတဦးတယောက်အား ရှုံးနိမ့် လဲကျ နိမ့်ပါးသွားစေမည့် ကြော်ငြာဆိုင်ရာသတင်းအချက်အလက်။
– ကာမဆက်ဆံရေး၊ ဝတ်လစ်စလစ်များ နှင့် စပ်ဆိုင်သည့် ကြော်ငြာဆိုင်ရာသတင်းအချက်အလက်။
– အထိတ်တလှန့်ဖြစ်စေရန်၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်ပေါ်စေမည့် ကြော်ငြာဆိုင်ရာ သတင်းအချက်အလက်။
– လိမ်ညှာလှည့်ဖျားမှု မကောင်းမှုဘက်ကိုဦးတည်စေမည့် ကြော်ငြာဆိုင်ရာသတင်းအချက်အလက်များ။
– မမှန်ကန်သည့်အချက်အလက်များကိုကိုးကားသည့် ကြော်ငြာဆိုင်ရာသတင်းအချက်အလက်များ။
– တခြားတပါးသူ၏အတွေးအခေါ်၊ အိုင်ဒီယာအား မိမိကိုယ်ကျိုးစီးပွားအတွက် အလွှဲသုံးစားပြုလုပ်သည့် ကြော်ငြာဆိုင်ရာ သတင်းအချက်အလက်များ ။

သျှမ်းသံတော်ဆင့်မှလက်မခံသည့် ကြော်ငြာများ

– လိင်ဆက်ဆံရေးကြော်ငြာပစ္စည်းများ၊- ဆေးပေါ့လိပ်၊ စီးကရက် နှင့် အခြားသော ဆေးလိပ်ကြော်ငြာများ၊- ဘီယာ၊ အရက် နှင့် အခြားမူးယစ်ထုံထိုင်းစေသော ပစ္စည်းကြော်ငြာများ၊- အခြားသောပစ္စည်းများနှင့် တုပထားသည့်ပစ္စည်းများကြော်ငြာများ- ငွေကြေးခဝါချမှု၊ လိမ်ညှာငွေရှာမှု ကြော်ငြာများ၊ – မူးယစ်ဆေးဝါးနှင့် မူးယစ်ဆးဝါးဆိုင်ရာထုတ်ကုန်ကြော်ငြာများ- လက်နက်အမျိုးမျိုးနှင့်ပတ်သက်သည့်ကြော်ငြာများ- နိုင်ငံတော်လုံခြုံရေးနှင့်ထိပါးမည့်ကြော်ငြာများ နှင့်- ဥပဒေနှင့်ငြိစွန်းသည့် ထုတ်ကုန်ကြော်ငြာများ ….. စသည့်ကြော်ငြာများလက်ခံမည်မဟုတ်။

သျှမ်းသံတော်ဆင့်၏ သတင်းဂျာနယ်၊ ဝက်ပ်ဆိုက်တို့တွင် လက်ခံထည့်သွင်းမည့် ကြော်ငြာပါအချက် အလက်များအား ပြင်ဆင်ဖြည့်စွက်လိုက သျှမ်းသံတော်ဆင့်ချမှတ်ထားသည့် ကြော်ငြာလက်ခံရေး စည်းမျဉ်းစည်းကမ်း နှင့် အညီ စပ်ဆိုင်သည့် ကုမ္ပဏီ၊ အဖွဲ့၊ လူပုဂ္ဂိုလ်တို့ မှ လက်ခံပြင်ဆင်ပေးရမည်။

Advertise with us:

Please contact our advertising department

Email: [email protected]

Tel: +66 065 746 1834

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

Starlink စက်အချို့ ပိတ်ခံရမှုကြောင့် ဆက်သွယ်ရေးနှင့် သတင်းစီးဆင်းမှု ပိုခက်ခဲလာနိုင်

0
တော်လှန်ရေးနယ်မြေများတွင် စတားလင့်ခ့်( Starlink) ဂြိုလ်တု အင်တာနက်ဝန်ဆောင်မှုများကို အဓိက အားထားအသုံးပြုနေရချိန် လက်ရှိတွင် ၎င်းမူဝါဒပြောင်းလဲမှုကြောင့် စက်များ ပိတ်ခံမှုများ စတင်လာခဲ့သည်။ Starlink စက်အချို့ပိတ်ခံရမှုကြောင့် ဆက်သွယ်ရေး တော်လှန်ရေးနယ်မြေအတွင်း ဆက်သွယ်ရေးနှင့် သတင်းစီးဆင်းမှု ပိုခက်ခဲလာနိုင်ကြောင်းလည်း ပဋိပက္ခဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သူများက ပြောဆိုလုက်သည်။ SpaceX ကုမ္ပဏီသည် Starlink...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...