လူငယ်ဖမ်းဆီးနေ
ပြင်ဦးလွင်မြို့ စစ်ကောင်စီမှ မတရားလိုက်လံဖမ်းဆီးပြီး တပ်သားစုဆောင်းနေ
SHAN -
ပြင်ဦးလွင်မြို့ပေါ်ရှိရပ်ကွက်များနှင့် မြို့အနီးနားကျေးရွာများကို စစ်ကောင်စီမှ စစ်မှုထမ်းရန်အတွက် မတရားလိုက်လံဖမ်းဆီးပြီး တပ်သားစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ လက်ရှိစစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ မြို့တွင်း နှင့် မြို့အနီးတဝိုက် ကျေးရွာများတွင် မတရားလိုက်လံဖမ်းဆီးကြောင်း၊ တစ်ရပ်ကွက်လျှင် ၇ ဦးထက်မနည်းလိုက်လံဖမ်းဆီးကာ စစ်သင်တန်းသို့ ပို့ဆောင်နေသည်ဟု မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ အခုတလော ရပ်ကွက်နဲ့...





