Tuesday, October 8, 2024

ပြင်ဦးလွင်မြို့ စစ်ကောင်စီမှ မတရားလိုက်လံဖမ်းဆီးပြီး တပ်သားစုဆောင်းနေ

Must read

ပြင်ဦးလွင်မြို့ပေါ်ရှိရပ်ကွက်များနှင့် မြို့အနီးနားကျေးရွာများကို စစ်ကောင်စီမှ စစ်မှုထမ်းရန်အတွက် မတရားလိုက်လံဖမ်းဆီးပြီး တပ်သားစုဆောင်းနေကြောင်း စုံစမ်းသိရသည်။

လက်ရှိစစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ မြို့တွင်း နှင့် မြို့အနီးတဝိုက် ကျေးရွာများတွင် မတရားလိုက်လံဖမ်းဆီးကြောင်း၊ တစ်ရပ်ကွက်လျှင် ၇ ဦးထက်မနည်းလိုက်လံဖမ်းဆီးကာ စစ်သင်တန်းသို့ ပို့ဆောင်နေသည်ဟု မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခုတလော ရပ်ကွက်နဲ့ မြို့အနီးရှိကျေးရွာတဝိုက်တွေ လိုက်လံဖမ်းနေတာ မြို့အတွင်းမဟုတ်ပဲ။ လူတွေသိပ်မသိတဲ့နေရာတွေပေါ့။ အိမ်ထဲဝင်ဖမ်းပြီး စစ်သင်တန်းကိုပိုကြတယ်။ပြည်သူတွေ စစ်ပွဲဖြစ်မှာကိုကြောက်ရ သူတို့ကိုကြောက်ရနဲ့ နေနေရတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်လတွင်လည်း စစ်တက္ကသိုလ်အနီးနှင့် ၎င်းရှေ့ကြေးရုပ်သုံးရုပ်ရှိသည့်နေရာသို့ ဆိုင်ကယ်ဖြင့်သွားလာသူ အများအပြားဖမ်းဆီးထားကြောင်း၊ ထိုဖမ်းဆီးခံရသူများထဲတွင် ပြန်လွှတ်လာသူသူရှိသကဲ့သို့ ပြန်မလွှတ်ပေးသည့်သူများလည်း ရှိနေကြောင်း ဖမ်းဆီးခံရသူနှင့် ဆွေမျိုးတော်စပ်သည့် အသက် ၅၀အရွယ် အမျိုးသားတစ်ဉီးက ပြောသည်။

“ အရင်ကလည်း ကြေးရုပ်သုံးရုပ်ရှိတဲ့နေရာကို ဆိုင်ကယ်နဲ့သွားလာတဲ့သူအများကြီး ဖမ်းဆီးသွားတယ် ၃ရက်လောက်ကြာတယ်။ ပြန်လွှတ်လာတဲ့သူလည်းရှိတယ် မလွတ်သေးတဲ့သူလည်းရှိတယ်။ ကျန်တဲ့သူတွေကို ပြန်လွတ်ပေးချင်းရှိမရှိတော့ မသိရသေးဘူး” ဟု ၎င်းကပြောသည်။

ထို့ပြင် နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းနေရာများကို လေကြောင်းဖြင့် စားနပ်ရိက္ခာများချပေးပြီး လေယာဉ်နှင့် ပစ်ကူတာများ ရှိခဲ့သည်ဟု ဒေသခံပြောဆိုချက်အရ သိရသည်။

အလားတူ ပြင်ဦးလွင်မြို့ပေါ်တွင် စစ်ဆေးမှုများ ရှိနေပြီး နောင်ချို-ပြင်ဦးလွင် အဝင်တွင် စစ်တပ် ကင်းစခန်းများ အထိုင်ချထားကာ မန္တလေး-ပြင်ဦးလွင်ကြားရှိ ရတနာပုံ ဆိုက်ဘာစီးတီးတွင်လည်း စခန်းချထားကြောင်း၊ ဇီးပင်ကြီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်ဘက်တွင်လည်း စစ်အင်အား ဖြည့်တင်းထားကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

- Advertisement -spot_img

Latest article