ရုံးစိုက်ရာမြို့
မက်မန်းမြို့ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင် ပြောင်းလဲသတ်မှတ်
သျှမ်းပြည် မက်မန်းမြို့နယ်ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် သျှမ်းပြည်အတွင်း ‘ဝ’ဒေသအတွက် ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ...





