ရန်ကုန်-တောင်ကြီးတင်ပို့
ရန်ကုန်- တောင်ကြီးသို့ တင်ပို့မည့် နိုင်ငံခြားကုန်ပစ္စည်းများကို စစ်ကော်မရှင်မှ သိမ်းဆည်း
ကလော-သာစည် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ တင်ပို့သည့် နိုင်ငံခြားကုန်ပစ္စည်းများကိုသိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင် ကလော နှင့် သာစည် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေး ကျွဲတပ်ဆုံ ဂိတ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှစပြီးရန်ကုန် မှ တောင်ကြီးသို့ တင်ပို့လာသည့် နိုင်ငံခြားထုတ် ကုန်ပစ္စည်းအမျိုးမျိုးကို သိမ်းဆည်းမှုများကြောင်း အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။





