မှောင်ရိပ်ခို
တောင်ကြီး မြို့မဈေးအနီး ရဲနှင့်စစ်သားများ မှောင်ရိပ်ခိုပြီး ကုန်စိမ်းရောင်းသူများထံ ပိုက်ဆံ တောင်းကြမ်းနေ
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးတွင် ရဲ နှင့်စစ်သားများသည် နံနက် ၃နာရီ မိုးမလင်းခင် စျေးလာသော ကုန်စိမ်းသည်များထံ ပိုက်ဆံတောင်းမှု ကြမ်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့( သြဂုတ် ၁၂)ရက် နံနက် ၃နာရီတွင် တောင်ကြီးမြို့ ဘုရားဖြူစျေးတွေ ကုန်စိမ်းရောင်းချရန်အတွက် မြို့မစျေးသို့ ကုန်စိမ်းများသွားရောက်သယ်ယူနေစဉ် ရဲနှင့်စစ်သားများက မှောင်ရိပ်ခိုပြီး ပိုက်ဆံတောင်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စိမ်းရောင်းသူအမျိုးသမီးတစ်ဉီး က...





