Wednesday, January 28, 2026

ပြည်သူ့နေအိမ်

ဆီဆိုင်မြို့နယ်အတွင်း စစ်ကော်မရှင်နှင့် PNO  ပြည်သူနေအိမ်များကို မီးရှို့ဟု PNLA ထုတ်ပြန်

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကော်မရှင်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) တို့သည် ပြည်သူနေအိမ်များကို မီးရှို့နေကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ယမန်နေ့ (ဩဂုတ်လ ၁၈ ) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ စစ်ကော်မရှင်နှင့် PNOတို့သည်  ဆီဆိုင်မြို့နယ် နောင်ထောဝ် ကယန်းပိုင်းကျေးရွာနှင့် နောင်ဗိုကျေးရွာကို ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်မှ ၁၇ရက်နေ့အထိ မီးရှို့ဖျက်ဆီးနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်လာသည်။ နောင်ဗိုကျေးရွာရှိ နေအိမ် ၂၀ ထက်မနည်း ပျက်စီးသွားခဲ့ပြီး နောင်ထောဝ်ကယန်းပိုင်း ကျေးရွာမှားတွင် နေအိမ် ၁၀၀ နီးပါး ပျက်စီးသွားကြောင်း ဖော်ပြထားသည်။ “PNOပြည်သူ့စစ်က စစ်ကော်မရှင်ကိုခေါ်ပြီး ပအိုဝ်းပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ။ သူတို့မီးရှို့နေတာက ပအိုဝ်းလူမျိုးနေအိမ်တွေများတယ်.။PNOက ကိုယ့်လူမျိုးနေအိမ်ကို ကိုယ်တိုင်မီးရှို့နေတာ။PNOအနေနဲ့ ခရိုနီနေဝင်းထွန်းရဲ့ အကျိုးစီးပွားကို ပအိုဝ်းလူမျိုးအသက်တွေနဲ့ ကာကွယ်ပေးနေရတယ်ဆိုတာ အမြင်မှန်ရသင့်ပြီ”ဟု PNLA၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင်  ဆီဆိုင်မြို့နယ် ကုလားလမ်း ကျေးရွာရှိ ပြည်သူနေအိမ်များကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့က မီးရှိုဖျက်ဆီးခဲ့သောကြောင့်  နေအိမ်၂၄ အိမ်ထက်မနည်း မီးလောင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၆)ရက်တွင်လည်း  ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ စုစုပေါင်း(၆၀၀၀)ကျော်ကို PNO က အကြောင်းပြချက်မရှိ ရွှေ့ပြောင်းခိုင်းခဲ့သည်။ ထိုကျေးရွာမှ ပြည်သူများသည် ဆီဆိုင်မြို့ပေါ်နှင့် ဘုရားဖြူကျေးရွာရှိ ဓမ္မာရုံတို့တွင် ခိုလှုံနေရပြီး နေရာထိုင်ခင်းနှင့် အစားအသောက်များလိုအပ်နေကြောင်း သိရသည်။

ဖယ်ခုံမြို့ စစ်ကောင်စီမှ ပြည်သူ့နေအိမ် မီးရှို့ဖျက်ဆီးပြီး၊ ပစ္စည်းများဝင်ရောက်ခိုးယူ

သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်မှ ယခု ရက်ဆက်တိုက် ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်းအတွင်း ပစ္စည်းဝင်ရောက်ခိုးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၀ ရက်)နေ့မှ စတင်ပြီး ယနေ့အထိ စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့ပေါ်ရှိ ဒေသခံ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများ ဝင်ရောက်ခိုးယူမှု...

စစ်ကောင်စီ ကင်းလှည့် ပြည်သူ့နေအိမ်တွင်အိပ်၊ထမင်းဟင်းချက်ကျွေးခိုင်း

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက ကင်းလှည့်ကာ ပြည်သူနေအိမ်များပေါ်တက်နေခြင်း၊ ဒေသခံများကို ထမင်းဟင်းချက်ကျွေးခိုင်းနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ဖေဖော်ဝါရီလ ပထမ ပတ်မှစ၍ လက်ရှိအချိန်ထိ လောင်းလုံ၊ရွှေကြာလီ ၊ ကွမ်းတောအင်း စသည့် ကျေးရွာအုပ်စု များတွင် ကင်းလှည့်ကာ ပြည်သူ နေအိမ်များ၊ ဘုန်းကြီးကျောင်းများ၊...

Latest news