ဖယ်ခုံမြို့ စစ်ကောင်စီမှ ပြည်သူ့နေအိမ် မီးရှို့ဖျက်ဆီးပြီး၊ ပစ္စည်းများဝင်ရောက်ခိုးယူ

သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်မှ ယခု ရက်ဆက်တိုက် ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်းအတွင်း ပစ္စည်းဝင်ရောက်ခိုးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၀ ရက်)နေ့မှ စတင်ပြီး ယနေ့အထိ စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့ပေါ်ရှိ ဒေသခံ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများ ဝင်ရောက်ခိုးယူမှု ပြုလုပ်သွားကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ခုတလော စစ်တပ်က စစ်ကြောင်းတွေ ထိုးနေတယ်။ အနီးတဝိုက်မှာလည်း တိုက်ပွဲပြင်းထန်ပြီး ကျေးရွာတွေမှာလည်း ရှော့ဒုန်းနဲ့ လက်နက်ကြီးနဲ့ ပစ်တာ။ အခုလည်း မြို့ပေါ်က နေအိမ်တွေကို မီးရှို့တာတွေလုပ်တယ် ပစ္စည်းတွေလည်း ဝင်ခိုးပြီးအကုန်ဝင်မွေသွားတယ်။ ကျမအိမ်လည်း ပါတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများနှင့် ကျေးရွာဒေသခံများကို ပစ်မှတ်ထားပြီး လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပိုမိုပြုလုပ်လာနေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ မီးလောင်ဗုံးနှင့် အဆိပ်ငွေဗုံးများကို အသုံးပြုတိုက်ခိုက်လာနေကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီ အရပ်သားနေအိမ် မီးရှို့

အဆိုပါ မီးလောင်ဗုံးများကို စစ်ကောင်စီတပ်မှ ပိုမိုအသုံးပြုလာခြင်းကြောင်း ပြည်သူနေအိမ်များကိုလည်း မီးလောက်ဖျက်ဆီးခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“မိုးဗြဲမှာဆို ခုချိန်ထိ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ စစ်တပ်က အခုတလော မီးလောင်ဗုံးနဲ့ အဆပ်ငွေပါတဲ့ ဗုံးတွေပါ အသုံးပြုလာတယ်။ ဒါတွေသုံးတော့ ဒေသခံ နေအိမ်တွေ မီးလောင်သွားတာမျိုးလည်း ရှိတယ်။ အဆိပ်ငွေကျတော့ လူကို နုံးစေတယ် ခေါင်းမူးတယ် အင်အားတွေ ပျက်လက်သွားအောင် ဖြစ်စေတယ်”ဟု ၎င်းက ပြောသည်။

မိုးဗြဲတိုက်ပွဲတွင် ဆက်လက်ပြင်းထန်နေကြောင့် မိုးဗြဲမြို့အတွင်း အများပြည်သူ ဖြတ်သန်းသွားလာခွင့်ကို ဖေဖော်ဝါရီ ၂၄ ရက်မှစပြီး ၂၈ ရက်နေ့အထိ (၅)ရက်တာ ခေတ္တပိတ်ထားမည်ဟု မိုးဗြဲပြည်သူကာကွယ်ရေး တပ်နှင် ကရင်နီအမျုးသားများ ကာကွယ်ရေးတပ်(KNDF)မှ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သျှမ်းပြည် နောင်ချိုမြို့နယ်တွင်လည်း ဖေဖော်ဝါရီလ ၂၃ ရက်)နေ့လယ် ၁ နာရီခွဲတွင် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် TNLA တပ်သား (၁၀) ဦး ထိခိုက်ဒဏ်ရာရပြီး (၄) ဦး ဒဏ်ရာပြင်းထန်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...