တသက်သာ စစ်မှုထမ်းရှောင်ရှားခွင့်
စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်း တသက်သာ ရှောင်ရှားခွင့် သျှမ်းတောင်တွင် ကျပ်သိန်း (၈၀)ပေါက်
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့ တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း တသက်သာ ရှောင်ရှားခွင့် ကျပ်သိန်း (၈၀)ထိပေါက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်မှ စတင်ပြီး တောင်ကြီးမြို့တွင် အမှတ်(၁၅) ပြည်သူ့စစ်မှုထမ်းအတွက် မဲနှိုက်ခေါ်ယူနေပြီး၊ ပြည်သူ့စစ်မှုထမ်းရန် အလှည့်ကျသူများ စစ်မှုမထမ်းချင်ပါက တသက်သာ ရှောင်ရှားခွင့်ဟုဆိုပြီး ငွေကျပ်(၈၀)ပေးရမည်ဟု စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...





