တရုတ်ဟန်ဝါမျိုးခံရ
တရုတ်ဟန် ဝါးမျိုခံရသည့် သျှမ်းစော်ဘွားတည် သိန္နီမြို့
“အခုဆို သိန္နီမြို့ထဲကို ဝင်လိုက်တာနဲ့ အရင်လို ခံစားချက်မဟုတ်တော့ဘဲ တရုတ်ပြည်က နယ်စပ်မြို့ငယ်လေးကို ရောက်သွားသလိုပဲ” ဟု ခရီးသွားလာနေသည့် စိုင်းလျန်း (အမည်လွှဲ) က ဝမ်းနည်းစွာဖြင့် ပြောလေသည်။ တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အချက်အခြာကျသည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာ “၁၀၂၇ စစ်ဆင်ရေး”အပြီး နှစ်နှစ်ကျော်အတွင်း ယခင်နှင့်မတူသော ပြောင်းလဲမှုများကို...





