ဆိုင်ကယ်လုယက်
တောင်ကြီး အဝေးသင်တက္ကသိုလ်ကျောင်းသူကို ဦးတည်ပြီး ဆိုင်ကယ်လုယက်နေ
သျှမ်းပြည် တောင်ကြီးမြို့တွင် အဝေးသင်တက္ကသိုလ် လာတက်နေသူများကို ဦးတည်ပြီး ဆိုင်ကယ်လုယက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်) ညနေပိုင်းတွင် တောင်ကြီးမြို့ မီးသတ်လမ်းကြားထဲ အမျိုးသားနှစ်ဉီးမှ လူပြတ်ချိန်၌ ဆိုင်ကယ်ဆီပြတ် ဟန်ဆောင်ပြီး၊ ဆိုင်ကယ်မောင်းလာသူများကို တားကာ ဖုန်းနှင့် လက်ဝတ်ရတနာများ လုယက်နေကြောင်း...





