ဆန်းစပါး
ဆုံးရှုံးမှုများ အကြိမ်ကြိမ် ရင်ဆိုင်နေကြရသော ပုံးအင်းလယ်သမားများ
ရေကြီးရေလျှံမှုကြောင့် ယမန်နှစ်က စပါးစိုက်ခင်း ဧကပေါင်း ၇,၀၀၀ ကျော်ဆုံးရှုံးခဲ့ရသည့် ပုံးအင်းလယ်သမားများသည် အကြွေးယူပြီး စပါးပြန်စိုက်ခဲ့သော်လည်း ယခုနှစ်အတွင်း ရေကြီးမှုနှင့် စပါးဈေးနှုန်း မရှိသောကြောင့် အရှုံးပေါ်နေကြသည်။ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်း ပါဝင်သော ပုံးအင်းဒေသသည် ဆန်စပါးကိုသာ အဓိကစိုက်ပျိုးပြီး လူအများသိကြသော နာမည်ကျော် နောင်မွန်ရှမ်းဆန်မှာ ပုံးအင်းဒေသမှ...





