စစ်ရှောင်သံဃာတော်
ကရင်နီ သံဃာ အပါး (၄၀)ကျော် တောင်ကြီးမြို့သို့ စစ်ရှောင်ရောက်ရှိလာ
အာဏာသိမ်း စစ်ကောင်စီတို့ ပြင်းထန်စွာ ထိုးစစ်ဆင်နေသည့် ကရင်နီပြည် (ကယား)ရှိ ပုဗ္ဗာရုံ ပရိယတ္တိစာသင်တိုက် မှ သံဃာ တော် အပါး (၄၀)ကျော်သည် တောင်ကြီးမြို့ရှိ ဝေဠုဝန်ကျောင်းတိုက်သို့ စစ်ရှောင်ရောက်ရှိလာကြောင်း သတင်းသိရသည်။ “လွိုင်ကော်မြို့ထဲနဲ့ ဒီ့ပြင် ကျောင်းတော်တော်များများကိုလည်း လက်နက်ကြီးတွေ သေနတ်တွေလာမှန်တော့ ဦးဇင်းတို့လည်း ရှောင်ထွက်လာရတာပါ၊...





