စစ်မှုတမ်း
ရွာငံမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ စိတ်အလိုကျ စစ်မှုထမ်းခေါ်နေ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းရွေးချယ်ရာတွင် ၎င်းတို့စိတ်အလိုကျသာ ရွေးချယ်စေလွှတ်နေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်အတွင်း စစ်မှုထမ်းရန် အသက်ပြည့်မီသူများကို စာရင်းကောက်ယူရာတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာမှ စာရင်းဖြင့် လာရောက်ကောက်ယူခြင်း၊ ကျေးရွာအတွင်း မဲနှိုက်၍ စစ်မှုထမ်းခိုင်းခြင်းမျိုး မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးများနှင့် ဆက်ဆံရေး အဆင်မပြေသူများ၊ ဆင်းရဲနွမ်းပါးသူများကိုသာ ရွေးချယ်သွားကြောင်း...





