စစ်ကောင်စီလေလံတင်ရောင်းချ
ဆီဆိုင်မြို့မဈေးထဲရှိ ပစ္စည်းများကို စစ်ကောင်စီက လေလံတင်ရောင်းချ၊ ၎င်းအုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းနေ
စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မီးလောင်ပြာကျသွားသည့် ဆီဆိုင်မြို့ဈေးထဲရှိ ပစ္စည်းများကို စစ်ကောင်စီက ကျပ်သိန်း (၇၀) ဖြင့်လေလံတင်ရောင်းချခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီးများကြောင့် မီးလောင်ပျက်စီးသွားသည့် ဆီဆိုင်မြို့မဈေးကို အသစ်ပြန်လည် တည်ဆောက်ရန်အတွက် လက်ကျန်သံတိုသံစများ၊ သွပ်များကို ကျပ်သိန်း ၇၀ ဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီက...





