လွတ်/ငြိမ်း
လွတ်ငြိမ်း ၄၃၀၀ ကျော်ထဲတွင် ညောင်ရွှေအကျဉ်းထောင်မှ အကျဉ်းသား ၁၃၀ ကျော် ပြန်လွတ်
မြန်မာနှစ်သစ်ကူးရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကျဉ်းထောင် အသီးသီးရှိ အကျဉ်းသား/သူ (၄၃၃၅) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်သည့်အထဲတွင် ညောင်ရွှေအကျဉ်းထောင်မှ (၁၃၀) ဦး လွတ်လာကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၇ ရက်) တွင် ကျရောက်သည့် မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အတုအယောင် ရွေးကောက်ပွဲမှတဆင့်...





