ဖုန်းနှင့်အင်တာနက်လိုင်းပြန်ပိတ်
ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖုန်း၊အင်တာနက်လိုင်းများ ပြန်လည်ပိတ်ထားရ
သျှမ်းပြည် မြောက်ပိုင်းကျောက်မဲမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်မှုပြန်လည် ပြုလုပ်ခြင်းကြောင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖုန်းလိုင်းများကို ပြန်လည်ပိတ်ထာရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်ကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြန်လည် ပြုလုပ်လာသည့်အတွက်ကြောင့် TNLA မှ ယမန်နေ့ (ဇန်နဝါရီလ ၂၈) ရက်တွင် ဖုန်းလိုင်းနှင့်...





