ဖမ်းဆီး
ထိုင်းရောက် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ စတင်ဖမ်းဆီးနေ
ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ၊ ချမှတ်ထားသော ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အလုပ်လုပ်ကိုင်ခွင့်စည်းမျဉ်း ချိုးဖေါက်သူများအား ယခုလဆန်းပိုင်းမှ စတင် ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။ ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်း မှစတင်ကာ ထိုင်း မြန်မာ နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင် စျေးရောင်း နေထိုင်နေသည့်...
လိုင်စင်မဲ့ without ကားများ သိမ်းဆည်း ခြင်းမရှိ ဟု ဆို
သျှမ်းပြည်နယ် အတွင်းရှိ လိုင်စင်မဲ့ without ကားများအား သိမ်းဆည်းခြင်းမှာ မဟုတ်ဘဲ မော်တော်ယာဉ် ဥပဒေအရ အရေးယူ တရားစွဲဆိုခြင်းသာဖြစ်ကြောင်း အမှတ် ၁၈ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး ရဲမှူး မျိုးဇော်အောင်က ဇွန်လ ၁၂ ရက်က မီဒီယာ များသို့ပြောသည် ။ "ကျနော်တို့ရှောင်တခင်စစ်တဲ့အခါကျတော့ သျှမ်းပြည်နယ်မှာက...
မူးယစ်ဆေးသုံးသည်လင်းခေးမြို့ ၁၀ ကျော်သက် ၁၀ ဦးကျော် ဖမ်းဆီးခံရ
သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့တွင် ယာဘမူးယစ်ဆေးဝါးများ ပေါများလျှက်ရှိရာ ဆေးစွဲနေသည့်ကျောင်း သားတချို့အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်ညနေပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ဆေးစွဲသူလူငယ် ၁၀ ကျော်အား ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း၊ ၄င်းတို့ဘဝ ပြန်လည်ထူထောင်ပေးရန်အတွက် ဟုပြောဆို သွား ကြောင်း နီးစပ်သည့်ဒေသခံ များပြောပြချက်အရသိရသည်။ “ဦးလေးတို့ကလေးရဲ့ဆိုင်ကယ် မြို့အဝင်လမ်းမှာလာယူပါ-...
သျှမ်းပြည်နယ်အတွင်းလိုင်စင်မဲ့ကားများ စတင်ဖမ်းဆီးနေ လူထုအခက်တွေ့
သျှမ်းပြည်နယ်တောင်ကြီး၊လွယ်လင် ၊ တာချီလိတ်နဲ့ မြို့ကြီးတချို့တွေမှာ လိုင်စင်မဲ့ကားတွေကို စတင်ဖမ်းဆီး နေမှုကြောင့် ဒေသခံလူထု စိုးရိမ်ထိတ်လန့်မှုများခံစားနေရကြောင်း သိရပါတယ်။ ဇွန်လ ၁၁ ရက်နေ့ကစပြီး တောင်ကြီးမြို့ အေးသာယာ၊ မြို့အဝင်အထွက်၊ လွယ်လင်မြို့ ပန်ခေါက်ဝိုး နမ့်စန်မြို့အဝင်အထွက်၊ ကျိုင်းတုံမြို့အဝင်အထွက်ဂိတ်၊ တာချီလိတ်စတဲ့ မြို့ကြီးတွေနဲ့ မြို့ငယ်တချို့တွေမှာစတင် ဖမ်းဆီးနေတာ ဖြစ်တယ်လို့သိရပါတယ်။ “တောင်ကြီးမှာ...





