ပြည်သူတစ်ထောင်နီးပါး ရေဘေးသင့်
မိုးဗြဲရေကာတာ ရေဖောက်ချမှုကြောင့် လယ်ဧက ရာနှင့်ချီ ရေနစ်မြှုပ်
သျှမ်းပြည် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ-၄၂၂)သည် မိုးဗြဲ ရေကာတာကို ဖွင့်ချလိုက်သဖြင့် လယ်ဧက ရာနှင့်ချီ နစ်မြှုပ်ပြီး ဒေသခံများ ရေဘေးသင့်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လနှောင်းပိုင်းက စပြီး သျှမ်းပြည် တောင်ကြီးခရိုင်အတွင်း မိုးအဆက်မပြတ် ရွာသွန်းကာ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်း တောင်ကျရေများကြောင့်...





