နောက်ဆုံးနေ့ရက်များ
နေဝန်းနီတို့၏ နောက်ဆုံးနေ့ရက်များ
SHAN -
ရဲတောက်နေသည့် အနီရောင်ပေါ်တွင် ရွှေဝါရောင် ကြယ်တပွင့် ဆင်မြန်းထားသည့် အလံသည် မြို့တွင်းနေရာ အများအပြားတွင် နေရာယူ လွှင့်ထူထားသည်။ လူသူကင်းမဲ့နေသည့် လမ်းမများတွင် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်နေလေ့ရှိပြီး လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲသံများလည်း ဆူညံနေသည်။ လမ်းဘေးတွင် မည်သူမည်ဝါဟု ခန့်မှန်းရန် ခက်ခဲသည့် အသက်မဲ့ ခန္ဓာကိုယ် အချို့က...





