တောင်ကြီး-မိုင်းရှူး
စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...






