Thursday, May 2, 2024

စိုင်းထွန်းဝင်း

ကျောက်မဲမြို့အမြှောက်တပ်ဘက်တွင် ပစ်ခတ်သံ လက်နက်ကြီးသံများကြောင့်လူထုထိတ်လှန့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အမြှောက်တပ်ဘက်တွင် ပစ်ခတ်သံများကြားရသဖြင့် ဒေသခံလူထု ထိတ်လှန့်မှုရှိနေကြောင်းသိရသည်။ သြဂုတ်လ ၁၆ ရက် ည ၁၀ နာရီခန့်က သေနတ်ပစ်ခတ်သံ လက်နက်ကြီးငယ်ပစ်ခတ်သံများကြား ရခြင်းဖြစ်ကြောင်း ကျောက်မဲဒေသခံများကပြောသည်။ “ကနေ့ည ၁၀ နာရီအချိန်လောက်မှာပေါ့ ၃၅၂ အမြှောက်တပ်နားမှာ ပစ်ခတ်သံလက်နက်ကြီးသံကြားတယ်။ ဘယ်သူ့လက်ချက်၊ ဘယ်လိုဖြစ်လဲဆိုတာတော့မသိရသေးဘူခင်ဗျ။ ညလည်းနက်ပြီဆိုတော့ ဘယ်သူမှနေအိမ်ကနေမထွက်ရဲကြဘူးလေ။...

Latest news