အလုပ် လက်မဲ့
လောင်စာဆီဈေးမြင့်တက်မှု ဆီဆိုင်ထွန်စက် အငှားလိုက်သူ အလုပ် လက်မဲ့ဖြစ်
SHAN -
စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် လောင်စာဆီဈေး တစ်ဟုန်ထိုး မြင့်တက်လာမှုကြောင့် သျှမ်းတောင် ဆီဆိုင်မြို့နယ်အတွင်း ထွန်စက်အငှားလိုက်သူများ အလုပ်လက်မဲ့ဖြစ်နေကြောင်း သတင်းရရှိသည်။ ယခင်က တစ်လလျှင် (၁၀)ရက်ထက်မနည်း ထွန်စက်အငှားလိုက်ပြီး အလုပ်ဖြစ်ခဲ့သော်လည်း ယခုတွင် (၂)လအတွင်း တစ်ကြိမ်သာ အငှားလိုက်ရသေးတာဖြစ်တဲ့အတွက် ဝင်ငွေမရှိပဲ အခက်ခဲကြုံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အရင်နှစ် ဒီအချိန်ဆိုရင် ပုံမှန်...





