ရွာသားများရိုက်နှက်ခံရ
နောင်ပိန်ဂုတ်တွင်းလမ်းပိုင်းမှတဆင့် စစ်ကော်မရှင် တပ်အချိန်းအပြောင်းလုပ်၊ ရွာထဲ ပစ္စည်းဝင်ယူသူများကို ရိုက်နှက်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းသို့ ဂုတ်တွင်းလမ်းပိုင်းမှတဆင့် စစ်ကော်မရှင် တပ်အချိန်းအပြောင်းပြုလုပ်နေပြီး နောင်ပိန်ရွာထဲ ပစ္စည်းဝင်ယူသည့် ရွာသားများကို ရိုက်နှက်မောင်းထုတ်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့် စစ်ကော်မရှင်တပ်သည် ပြန်လည်ပြင်ဆင်ထားသည့် ဂုတ်တွင်းတံတားဘက်မှတဆင့် တပ်အချိန်းအပြောင်း ပြုလုပ်နေပြီး...





