နောင်ပိန်ဂုတ်တွင်းလမ်းပိုင်းမှတဆင့် စစ်ကော်မရှင် တပ်အချိန်းအပြောင်းလုပ်၊ ရွာထဲ ပစ္စည်းဝင်ယူသူများကို ရိုက်နှက်

သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းသို့ ဂုတ်တွင်းလမ်းပိုင်းမှတဆင့် စစ်ကော်မရှင် တပ်အချိန်းအပြောင်းပြုလုပ်နေပြီး နောင်ပိန်ရွာထဲ ပစ္စည်းဝင်ယူသည့် ရွာသားများကို ရိုက်နှက်မောင်းထုတ်နေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့် စစ်ကော်မရှင်တပ်သည် ပြန်လည်ပြင်ဆင်ထားသည့် ဂုတ်တွင်းတံတားဘက်မှတဆင့် တပ်အချိန်းအပြောင်း ပြုလုပ်နေပြီး နောင်ပိန်ရွာထဲတွင် ဗျူဟာမှူးကိုယ်တိုင် အထိုင်ချကာ စစ်ရေးအမိန့်ပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နောင်ချိုဘက်ကနေ တပ်တွေ ချိန်းနေတာပဲ။ လွန်ခဲ့တဲ့ နှစ်ရက်က တပ်ဖွဲ့အသစ်တွေ ရောက်လာတာ ဘာအဖွဲ့လည်းတော့ တိတိကျကျ မသိရဘူး။ ဂုတ်တွင်းကနေ နောင်ပိန်ဘက်ကို ခြေလျင်တက်လာတာ၊ ဘေလီတံတားက ဟိုဘက်ဒီဘက် ကမ်းထိုးထားတော့ ကားမရသေးဘူး။ စကစတပ်က ဒရုန်းအရမ်းသုံးတယ်၊ ဒီမနက်လည်း လေယာဉ်နဲ့ လာပစ်သွားသေးတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် နောင်ပိန်ရွာထဲ တပ်စွဲထားသည့် စစ်ကော်မရှင်လက်အောက်ခံ တပ်မ-၁၁ သည် ပြည်ထောင်စုလမ်းမကြီးတလျှောက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေပြီး ကျောက်မဲမြို့နှင့် ၈ မိုင်ခန့်သာ ကွာဝေးသည့် ခိုက်တုန်ဟုန်းရွာဘက်သို့ မြေပြင်စစ်ကြောင်းထိုး နေခြင်းကြောင့် ဒေသခံများ ထပ်မံထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ နောက်ဆုံးပတ်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ပိန်ရွာထဲသို့ စစ်ဘေးရှောင်များကို ဝင်ခွင့်မပေးသေးဘဲ နေအိမ်တွင် ပစ္စည်းပြန်ယူသည့် စစ်ဘေးရှောင်များကို စစ်ကော်မရှင်တပ်သားများက ရိုက်နှက်ခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“စစ်တပ်က ကျောက်မဲ မရမချင်း ရွာက ထွက်မယ် မထင်ဘူး၊ ရတနာမှာ ဗျူဟာမှူး အ‌သေအချာကို အထိုင်ချနေတာ။ အိမ်တွေကို တံခါးအကုန်ဖွင့်ထားတယ်၊ ဆိုင်ကယ် ထိုင်ခုံ ရေခဲသေတ္တာ ဗမာစစ်သားတွေ အကုန်ယူတယ်။ အိမ်ထဲလည်း ဖွထားတာ အတွင်းပစ္စည်းတွေ ရသလောက် ယူနေကြတယ်။ နောင်ပိန်ထဲကိုလည်း လုံးဝ ပေးမပြန်ဘူး၊ အိမ်ပြန်ပြီး ပစ္စည်းယူတဲ့လူကို ဝိုင်းရိုက်လို့ ဖျားပြီး လိပ်ပြာခေါ်ပေးရတယ်”ဟု စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ကျောက်မဲမြို့နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် စခန်းသာကျေးရွာတွင်လည်း တအာင်း(ပလောင်)တပ် TNLA က ရွာခံမှအပ အခြားဒေသမှ လာသူများအား ကျေးရွာအတွင်းသို့ ဝင်ခွင့်မပြုတော့ကြောင်း ကျောက်မဲမြို့ဒေသခံများက ပြောသည်။

ပုံစာ – ဩဂုတ်လနောက်ဆုံးပတ်တွင် နောင်ပိန်ရွာကို စစ်ကော်မရှင်တပ် ထိန်းချုပ်လိုက်စဉ် (ဓာတ်ပုံ-တယ်လီဂရမ်)

ဩဂုတ်လ (၁၉) ရက်တွင် စတင်ခဲ့သည့် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား နောင်ပိန်တိုက်ပွဲသည် သီတင်းသုံးပတ်ကျော် ကြာသည်အထိ ဆက်လက်ပြင်းထန်နေပြီး TNLA ဘက်မှ အပြင်းအထန် ခုခံတိုက်ခိုက်နေခြင်းကြောင့် စစ်ကော်မရှင်တပ်လည်း ရှေ့မတိုးနိုင်ဘဲ လက်နက်ကြီးနှင့် ဒရုန်းဖြင့်သာ ပစ်ကူပေးနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်သည် စက်တင်ဘာလ ပထမပတ်အတွင်း TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်း လေကြောင်းဖြင့် ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ပိန်တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးများပါ အသုံးပြုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၈ ရက်မှ ၃၀ ရက်အတွင်း ကျောက်မဲမြို့နယ်၌ စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် မြေပြင်မှ ထိခိုက်သေဆုံးစေနိုင်သော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးခဲ့ကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၈၆၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ ယနေ့ (စက်တင်ဘာလ ၉ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...