ရွာသားများဖမ်းခံရ
နောင်ချို စစ်ကောင်စီတပ်က ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး ရွာသားများကို ဖမ်းဆီးသွား
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ (၂၉)ရက်တွင် နောင်ချိုမြို့နယ် ရွှေမုဌောကျေးရွာသို့ စစ်ကောင်စီတပ်က ဝင်ရောက်ထိုးစစ်ဆင် သိမ်းပိုက်ပြီး ရွာသူရွာသား (၄၀)ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ အဆက်အသွယ်နှင့် သတင်းအစအန မရရှိတော့ကြောင်း၊ ဖမ်းဆီးခံရသူများသည် အရွယ်ကောင်း...





