နောင်ချို စစ်ကောင်စီတပ်က ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး ရွာသားများကို ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မေလ (၂၉)ရက်တွင် နောင်ချိုမြို့နယ် ရွှေမုဌောကျေးရွာသို့ စစ်ကောင်စီတပ်က ဝင်ရောက်ထိုးစစ်ဆင် သိမ်းပိုက်ပြီး ရွာသူရွာသား (၄၀)ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ အဆက်အသွယ်နှင့် သတင်းအစအန မရရှိတော့ကြောင်း၊ ဖမ်းဆီးခံရသူများသည် အရွယ်ကောင်း အမျိုးသား၊ အမျိုးသမီးများ ပါဝင်သွားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ကျေးရွာတွေကို ဝင်စီးပြီး အဲ့လိုဖမ်းခေါ်သွားတယ်။ မရှောင်တဲ့သူတွေကိုဆို
အကုန်ဖမ်းသွားတာ။ စစ်ကောင်စီဘက်က ရွာတွေကို ဝင်သိမ်းပြီး နောက်ရက်ဆို အဲ့လို ဖမ်းသွားတာ။ ရွှေမုဌောရွာကဆို ၄၀ ကျော် ဖမ်းသွားတာ။ သူတို့အတွက် အသုံးဝင်မယ့် သူတွေကို ဖမ်းခေါ်တာ၊ မိန်းကလေးရော ယောကျာ်းလေးရော ဖမ်းခေါ်သွားတာ” ဟု ရှေ့တန်း စစ်မြေပြင်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အလားတူ နောင်ချိုမြို့နယ်ရှိ ရွှေမုဌောကျေးရွာ၊ နောင်လင်ကျေးရွာနှင့် မဲပုတ်ကျေးရွာ တို့တွင်လည်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကို စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်ကာ ရွာခံများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် ပြန်လည်ရရှိရေး အပြင်းအထန် ထိုးစစ်ဆင်နေပြီး နောင်ချိုမြို့နယ်ရှိ TNLA နှင့် DPLA ပူးပေါင်းတပ်များထက် ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်ရေး သာလွန်နေသောကြောင့် ကျေးရွာတစ်ချို့ကို သိမ်းပိုက်ရရှိသွားကြောင်း DPLA တပ်သား တစ်ဦးက ပြောသည်။

“သူတို့က အင်အားရော လက်နက်ရော၊ လေယာဉ်တို့ ဒရုန်းတို့တွေက အစစအရာရာ
သာလွန်နေတယ်။ ပြီးရင် အပစ်ရပ်ကာလကြောင့် ထိုးစစ်မဆင်တော့ ဒီဘက်က ဆုတ်ပေးလိုက်ရတယ်။ ရွာသားတွေကို သတ်ပြီးတော့လည်း TNLA ဝတ်စုံ ဝတ်ပေးပြီး သူတို့က
ဝါဒဖြန့်ထားတယ်၊ တကယ်တမ်းက အဲ့ဒါ ပြည်သူတွေ” ဟု DPLA တပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသည့် ရှောက်ချိုရွာအထိ နီးကပ်လာပြီး TNLA လက်လွှတ်လိုက်ရသည့် ရွှေမုဌော၊ နောင်လင်နှင့် မဲပုတ် အပြင် တခြားသော ကျေးရွာများမှ ပြည်သူများလည်း ကျောက်မဲမြို့နယ်နှင့် ဘေးလွတ်ရာ ဒေသများသို့ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရသည်ဟု အဆိုပါ DPLA တပ်သားက
ပြောသည်။

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချို၊ မိုးကုတ်၊ကျောက်မဲ၊ မိုင်းလုံနှင့် မန်တုံမြို့နယ်တို့တွင် မေလ အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂၆)ကြိမ်၊ လက်နက်ကြီးဖြင့် (၇၇၆)ကြိမ် ၊ ဒရုန်းဖြင့် ဗုံး(၃၂၉)လုံးနှင့် အဆိပ်ငွေ့ဗုံး (၁၁၄)လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထု (၈)ဦးသေဆုံးပြီး (၁၈)ဦး ဒဏ်ရာရကာ နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...