မြဝတီဝန်ထမ်းများ
ရုပ်မြင်သံကြား ထုတ်လွှင့်ရာတွင် အသံနှင့်အရုပ် နှစ်မျိုးရှိဟု မြဝတီရုပ်သံ ဝန်ထမ်းများအား စစ်ခေါင်းဆောင် ရှင်းပြ
SHAN -
ရုပ်မြင်သံကြား ထုတ်လွှင့်ရာတွင် အသံနှင့် အရုပ်နှစ်မျိုးရှိရာ အသံနှင့်ပတ်သက်၍ အသံမှန်ရန်လိုသကဲ့သို့ တည်ကြည်သည့် အနေအထားရှိရန်နှင့် ပျော့ပြောင်းသည့် အနေအထားရှိစေရေး သတိထားရန်လိုကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား ဝန်ထမ်းများအား ရှင်းလင်း ပြောဆိုလိုက်သည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၂ ရက်) က နေပြည်တော်တိုင်း...





