နေအိမ်မပြင်နိုင်သေး
စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...






