နေရာပြောင်းရွှေ့
ကက္ကူဒေသ သို့ရောက်ရှိနေသော စစ်ရှောင်များ နေရာထပ်မံ ရွှေ့ပြောင်းခံရ
SHAN -
သျှမ်းပြည် ဆီဆိုင်တိုက်ပွဲကြောင့် ကျောက်တစ်လုံးကြီးမြို့နယ် ကက္ကူဒေသ သို့ရောက်ရှိလာသော နေရပ်စွန့်ခွာ စစ်ရှောင်လာသူ (၃၀၀၀)ကျော်ရှိသဖြင့် နေရာခွဲပြီး ပြောင်းရွှေ့ခိုင်းကြောင်း စုံစမ်းသိရသည်။ ထိုစစ်ရှောင် လူဦးရေများပြားသဖြင့် ရောဂါများ ကူးစက်ပျံ့နှံမူမြန်စေခြင်း၊ မြေကြီးပေါ်မှာ အိပ်ရခြင်းနှင့် အမိုးကာတွေ မလုံလောက်တာကြောင့် ၄င်းစစ်ရှောင်များကို အနီးနားရှိကျေးရွာများက အလှည့်ကျ ခွဲတမ်းနှင့် လက်ခံပေးမည်ဖြစ်ပြီး ပိုမိုလုံခြုံမှုရှိစေရန်...





