စားနပ် ရိက္ခာ
သီပေါစစ်ဘေးရှောင်များ စားနပ်ရိက္ခာအထူးလိုအပ်
သျှမ်းပြည်မြောက်ပိုင်း တွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေရပ်မှ စွန့်ခွါနေရသော စစ်ဘေး ရှောင်များအတွက် စားနပ်ရိက္ခာအထူးလိုအပ်နေကြောင်း သိရသည်။ မတ်လ ၄ ရက်နေ့အထိ သီပေါမြို့ရောက် စစ်ဘေးရှောင် ၁၇၀၀ ကျော်ရှိနေပြီး ၄င်းတို့အတွက် စားနပ် ရိက္ခာအထူးလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီရေးကော်မတီကပြောသည်။ “အခုကျနော်တို့အထူးလိုအပ်နေတာက စားနပ်ရိက္ခာပေါ့။ အဝတ်အထည် အိပ်ရာထိုင်ခင်းမလိုဘူး။ ကျနော်တို့ရှိထားတဲ့ စားနပ်ရိက္ခာကကုန်ခါနီးနေပြီ။...