စယ်လန့်ကျေးရွာ လမ်းပိတ်
မူဆယ်မြို့မှ ထွက်ခွာလာသူ တိုက်ပွဲကြောင့် လမ်းတွင် ပိတ်မိနေ
သျှမ်းပြည် မူဆယ်မြို့အတွင်း ပိတ်မိနေသူများနှင့် စစ်ဘေးရှောင်များသည် နေရပ်ပြန်လာစဉ် တိုက်ပွဲကြောင့် စယ်လန့်ကျေးရွာတွင် ပိတ်မိနေကြကြောင်း စုံစမ်းသိရသည်။ ယခုသီတင်းပတ် ၁ ပတ်အတွင်း မူဆယ်မြို့မှ ထွက်ခွာသည့် ပြည်သူများနှင့် စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် ဖြတ်သန်းသွားလာ၍ မရကာ မူဆယ်-နမ့်ခမ်းလမ်းကြား စယ်လန့်ကျေးရွာတွင် ရာနှင့်ချီရှိသော ယာဉ်များနှင့်အတူ တစ်ပတ်နီးပါးကြာ ပိတ်မိနေကြောင်း...





