မူဆယ်မြို့မှ ထွက်ခွာလာသူ တိုက်ပွဲကြောင့် လမ်းတွင် ပိတ်မိနေ

သျှမ်းပြည် မူဆယ်မြို့အတွင်း ပိတ်မိနေသူများနှင့် စစ်ဘေးရှောင်များသည် နေရပ်ပြန်လာစဉ် တိုက်ပွဲကြောင့် စယ်လန့်ကျေးရွာတွင် ပိတ်မိနေကြကြောင်း စုံစမ်းသိရသည်။

စယ်လန့်ကျေးရွာအနီး လပ်ပိတ်ထား

ယခုသီတင်းပတ် ၁ ပတ်အတွင်း မူဆယ်မြို့မှ ထွက်ခွာသည့် ပြည်သူများနှင့် စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် ဖြတ်သန်းသွားလာ၍ မရကာ မူဆယ်-နမ့်ခမ်းလမ်းကြား စယ်လန့်ကျေးရွာတွင် ရာနှင့်ချီရှိသော ယာဉ်များနှင့်အတူ တစ်ပတ်နီးပါးကြာ ပိတ်မိနေကြောင်း စယ်လန့်ဒေသခံတစ်ဦးက ပြောသည်။

“တချို့က မန္တလေး ဆင်းမယ့်သူရှိသလို တချို့ကျတော့လည်း လားရှိုး၊ နမ့်လန် ဘက်ကပြန်မယ့်သူတွေလည်း အများကြီးပဲ။ မူဆယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးရှောင်တွေကော ပါတယ်။ စစ်ဘေးရှောင်စခန်းမှာနေတာ ကြာလာတော့ ငွေရေးကြေးရေး အဆင်မပြေဘူးလေ။အခုလို ကားငှားပြီး နေရပ်ပြန်ကြတာ။ ၁၀၅ မိုင်ဘက်ကလည်း သွားလာမရတော့ ဒီဘက်လမ်းကိုလာရတာ ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ နေရပ်ပြန်လာကြသူများက ကားခကို မြန်မာ ကျပ်ငွေ ၃ သိန်းမှ ၄ သိန်းအထိ ပေးဆောင်ရကြောင်း သိရသည်။

စယ်လန့်ကျေးရွာတွင် လမ်းပိထား

လက်ရှိတွင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ၏ စခန်းသစ်ကုန်း ပိုက်သိမ်းနိုင်ရန်အတွက် ညီနောင်မဟာမိတ်၃ ဖွဲ့များက အပြင်းအထန် ထိုးဆင်နေပြီး စစ်ကောင်စီဘက်မှ အဆိုပါစခန်းမဆုံးရှုံးရေးအတွက် လေကြောင်းဖြင့် ပစ်ကူနေလျက်ရှိပြီး တစ်လခွဲကျော်ကြာမြင့်သော်လည်း စခန်းသစ်ကုန်းကို ညီနောင်မဟာမိတ်များက သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

“အထူးသဖြင့်တော့ နမ့်ခမ်းမှာက သူတို့ဂျက်တိုက်လေယာဉ်နဲ့ အများအပြား တိုက်ခိုက်တာရှိတာပေါ့နော်။ အခုဆိုရင် အကြိမ်အရေအတွက် ၄၀၀ ကျော်လောက်ရှိနေပြီ” ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ကြောင့် တိုက်ပွဲပြင်းထန်နေချိန်အတွင်း မြေပြင်စစ်ရေး အားနည်းသည့် စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းဖြင့် တစ်နည်းသာ တိုက်ခိုက်လာနိုင်သောကြောင့် မသက်ဆိုင်သည့် လူနေအိမ်၊ ပြည်သူလူထု အပေါ် ဗုံးကြဲမည်ကို စိုးရိမ်နေသည်ဟု လမ်းတစ်ဝက်မှာ ပိတ်မိနေသူတစ်ဦးက ပြောသည်။

“အခုညီနောင်မဟာမိတ်တွေ စိုးမိုးထားတဲ့နယ်မြေတွေဆို ကျနော်တို့မှာ စိုးရိမ်နေရတယ်။ စစ်တပ် လေယာဉ်လာရင် ဘယ်ကိုပစ်မယ်ဆိုတာ ခန့်မှန်းလို့မရဘူး။ များသောအားဖြင့် သူတို့ပစ်လိုက်ရင် လူနေအိမ်ကိုပဲ ထိတာများတယ်။ ညကြီးညမင်းလာရင် ပိုပြီးစိုးရိမ်ရတယ်။ သူတို့က ခန့်မှန်းပြီး ပစ်ချင်သလို ပစ်တာ။ ဒီမှာပြေးလို့မရတဲ့ သက်ကြီးရွယ်အိုတွေလည်းရှိတယ်” ဟု လမ်းတစ်ဝက်မှာ ပိတ်မိနေသူ တစ်ဦးက လုံခြုံရေးအရ စိုးရိမ်ရကြောင်း ပြောသည်။

“ ၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲ တစ်လခွဲကျော်အတွင်း အရပ်သား ၁၂၆ ဦးသေဆုံးပြီး ၂၀၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၄၀၀ ခန့် ထိခိုက်ပျက်စီးသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က ဒီဇင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...