ကျေးရွာအလှူငွေအပြည့်မရ
မဲနယ်တောင်ဒေသ စစ်မှုထမ်းကြေး မထည့်သူများ ရေဘေးသင့်အလှူငွေ အပြည့်မရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းရန် စစ်ကြေးငွေ လစဉ်မထည့်နိုင်သူများကို ရေဘေးအလှူငွေ အပြည့်မရရှိနိုင်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (စက်တင်ဘာလ ၁၁ ရက်) ကစပြီး မဲနယ်တောင်ဒေသဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြောင့် ရေကြီး၊ မြေပြိုမှုဖြစ်ကာ စံဖူးကျေးရွာအုပ်စုတွင် နေအိမ်(၈၀)နီးပါးပျက်စီးပြီး သေဆုံးသူ (၂၂)ဦး ရှိသည်။ မဲနယ်တောင်ဒေသအတွင်း...





