ကုန်ကူးသန်းမှု
နမ့်ခမ်းမြို့ လေကြောင်းဗုံးကြဲခံပြီးနောက် ကုန်ပစ္စည်းစီးဆင်းမှုနည်းပါးလာပြီး ကုန်စျေးနှုန်းမြင့်တက်
SHAN -
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီးနောက် ကုန်းပစ္စည်းစီးဆင်းမှုလျော့နည်းလာကာ ကုန်စျေးနှုန်းလည်း အဆမတန် မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့တွင် ယခုလ (စက်တင်ဘာလ ၆ရက်) လူအိပ်မောကျချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၀ဉီးထက်မနည်း သေဆုံးကာ၊ နေအိမ်အပျက်အစီးများခဲ့သည်။ ထို့နောက် နမ့်ခမ်းပြည်သူအများစုသည်...





